ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 13, 2015

အိမ်မှာ ခွေးမွေးခြင်းဟာ သင့်ကလေးရဲ့ ပန်းနာ ရောဂါ ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်း အထိ လျှော့ချ ပေးနိုင်




အိမ်မွေးခွေး တစ်ကောင် ပိုင်ဆိုင် ထားခြင်းဟာ သင့် ကလေးရဲ့ ပန်းနာ ရောဂါ ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်း အထိ လျှော့ချ ပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြ လိုက်ပါတယ်။

သုတေသီတွေ အနေနဲ့ လယ်ယာသုံး တိရိစ္ဆာန် တွေနဲ့ အဆက် အသွယ် ရှိခြင်းဟာလည်း ပန်းနာရောဂါ အခြေအနေ ဖွံ့ဖြိုး လာမှုကို ရပ်တန့် လိုက်နိုင်တယ် ဆိုတာကိုပါ ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ ထိုလေ့လာမှု မှာ ဖော်ပြ ထားပါတယ်။ ကျွမ်းကျင်သူတွေ ပြောပြခဲ့တာကတော့ ထို တိကျတဲ့ ရှာဖွေတွေ့ရှိ မှုဟာ တစ်ကိုယ်ရည် သန့်ရှင်းရေး အဆိုကြမ်း က တစ်ဆင့် တွေ့ရှိ ခဲ့တာပါတဲ့။

ထို တွေ့ရှိမှု ကတစ်ဆင့် ဆွေးနွေး တင်ပြခဲ့ တာကတော့ ငယ်ရွယ်စဉ်မှာ အလွန်သန့်ရှင်းနေခြင်းဟာ ပန်းနာ ရောဂါ လို Allergy အခြေအနေမျိုးတွေ အတွက် ဖြစ်လာနိုင်ခြေ ပိုများစေပါတယ်။

သိပ္ပံပညာရှင်တွေဟာ ခွေးတွေနဲ့ လယ်ယာသုံး တိရိစ္ဆာန် ပိုင်ဆိုင်မှုကို ဥပဒေ နဲ့ မှတ်ပုံတင် ရတဲ့ ဆွီဒင်နိုင်ငံမှာ တည်ရှိပြီး ၂၀၀၁ ထိခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း မွေးဖွားတဲ့ ကလေးငယ် ၁ သန်း ရဲ့ အချက်အလက်တွေကို တွက်ချက် ခဲ့တာပဲ ဖြစ်ပါတယ်။

ခွေးတွေဟာ ကလေးဘ၀ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်း လျှော့ချပေးနိုင် သလို လယ်ယာသုံး တိရိစ္ဆာန်တွေ နဲ့ နီးနီး ကပ်ကပ် နေခြင်းဟာ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ၅၂ ရာခိုင်နှုန်း လျှော့ချ ပေးနိုင်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု အဆိုကြမ်း အရတော့ ငယ်ဘ၀မှာ သန့်ရှင်းမှု လွန်ကဲနေခြင်းဟာ အနုဇီဝ ပိုးမွှားတွေနဲ့ ကပ်ပါးပိုးတွေ ကင်းစင်စေနိုင် သလို ထိုကဲ့သို့ ကင်းစင်နေခြင်းဟာလည်း ခုခံအား စနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးလာခြင်း ကို တားမြစ်နေပါတယ်။

ဆွီဒင်နိုင်ငံ ၊ Uppsala တက္ကသိုလ် က ဦးဆောင် သိပ္ပံပညာရှင် ဒေါက်တာ Tove Fall က "အစောပိုင်း လေ့လာမှုတွေဟာ လယ်ကွင်း တစ်ခုမှာ ကြီးပြင်း ခဲ့တဲ့ ကလေးတွေဟာ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျှော့ချပေးနိုင် တယ်ဆိုတာကို ပြသခဲ့ကြပါတယ်။

ကျွန်တော်တို့ သိချင်ခဲ့တာက ထို ပတ်သက်နေမှုဟာ အိမ်မွေးခွေးတွေနားမှာ ကြီးပြင်းတဲ့ ကလေးတွေ ကိုရော သက်ရောက်မှု ရှိသလား ဆိုတာပါ။ ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိမှု ရလဒ်ဟာ လယ်ယာ မြေ သက်ရောက်မှု ကို အတည်ပြုနိုင်ခဲ့ပါတယ်။

အိမ်မွေးခွေးတွေနားမှာ ကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ ခွေးတွေနားမှာ မကြီးပြင်းတဲ့ ကလေးတွေထက် ပန်းနာရောဂါ ဖြစ်ဖို့ ၁၅ ရာခိုင်နှုန်း အခွင့်အလမ်း နည်းပါတယ်။" လို့ ဆိုပါတယ်။

ထို သုတေသန ကိုတော့ JAMA Pediatrics ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ဆွီဒင်နိုင်ငံ ရဲ့ အမျိုးသား ဗဟိုအချက်အလက် များ ဖွဲ့စည်းထားတဲ့ စနစ် ကို သိပ္ပံပညာရှင်တွေ ရယူ သုံးစွဲခဲ့မှု ကြောင့် ထို တွေ့ရှိမှုတွေဟာ ဖြစ်နိုင်ခြေ ရှိခဲ့တယ်လို့လည်း ပူးတွဲ ဖော်ပြထားပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_59.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment