ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

ကော်ဖီ တစ်နေ့ ၃ခွက်သောက်ခြင်းက အသက်ရှည်စေ




ကော်ဖီတစ်နေ့ ၃ခွက် ကနေ ၅ခွက် သောက်ခြင်းက အသက် ပိုရှည်စေ တယ်လို့ လေ့လာမှု အသစ် တစ်ရပ် အရ သိရပါတယ်။

ပုံမှန် (အရသာ အပြင်းအပျော့) ကော်ဖီ သောက်သုံးခြင်းက နှလုံးရောဂါနဲ့ အရွယ် မရောက်ခင် သေဆုံးမှု အန္တရာယ်ကို လျှော့ချ ပေးပါတယ်။ ပါကင်းဆန် ရောဂါကဲ့သို့ ဦးနှောက်ပိုင်း ဆိုင်ရာ ရောဂါများ၊ ဆီးချို ရောဂါ စတဲ့ အန္တရာယ်တွေ ကိုလည်း လျှော့ချ ပေးကြောင်း သိပ္ပံပညာ ရှင်တွေက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

သေကြောင်း ကြံစည်မှု အန္တရာယ် ကိုလည်း လျှော့ချပေးနိုင်ပုံ ရပါတယ်။ ကင်ဆာရောဂါနဲ့ သေဆုံးမှုနှုန်းနဲ့ ဆက်စပ်မှု ကိုတော့ မတွေ့ရသေး ပါဘူး။

ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်က အဓိက မဟုတ်ပါဘူး။ ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကော်ဖီမှာပါတဲ့ အခြားသော အပင်ဒြပ်ပေါင်းတွေ ဆီကနေ ချိတ်ဆက် ရရှိတာဖြစ် တယ်လို့ သိရပါတယ်။

"ကော်ဖီမှာ ပါဝင်တဲ့ ဇီဝ အကျိုး သက်ရောက်မှုရှိ ဒြပ်ပေါင်းတွေက အင်ဆူလင် ဆေးယဉ်မှုကို လျှော့ချပေး ပါတယ်။ ဒီအကျိုး သက်ရောက် မှုတွေဖြစ်စေတဲ့ ဇီဝကမ္မဖြစ်စဉ် တွေကို ဆက်လက်လေ့လာမှု လုပ်ဖို့ လိုအပ်သေးတယ်။" လို့ အမေရိကန် ပြည်သူ့ကျန်းမာရေး ကျောင်းမှ ဦးဆောင် သုတေသီ Ming Ding ကပြောခဲ့ ပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_27.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment