ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 27, 2015

တစ်ညကို ၈နာရီ အိပ်စက်ခြင်းဟာ မှတ်ဥာဏ် ပိုမို ကောင်းမွန်စေနိုင်




ကျန်းမာရေး အတွက် လိုအပ်ပြီး ကျန်းမာ ပျော်ရွှင်တဲ့ ဘ၀ အတွက် လူသားတွေ လိုအပ် နေတာက တစ်ညကို ၈ နာရီ ဆိုတဲ့ အိပ်ချိန်ပါ။

ဒါပေမယ့်လည်း သုတေသီ အဖွဲ့ တစ်ဖွဲ့ဟာ သင့်ကို လုံလောက်စွာ အိပ်တာ သေချာစေမယ့် မက်လုံး တစ်ခုကို ထုတ်ဖော် ပြောပြ လိုက်ပါတယ်။ သူတို့ ရှာဖွေ တွေ့ရှိခဲ့ တာက လူတွေဟာ တစ်ညကို အိပ်ချိန် ၈ နာရီ ရှိတဲ့ အခါမှာ သူတို့ မမှတ်မိနိုင်တဲ့ မျက်နှာတွေနဲ့ နာမည်တွေကို ကောင်းမွန်စွာ မှတ်မိ သွားနိုင် ပါတယ်တဲ့။

Brigham မှာ အာရုံကြော သိပ္ပံဆိုင်ရာ တွဲဖက်ပညာရှင် တစ်ယောက်ဖြစ်ပြီး ဘော်စတွန်မှာ ရှိတဲ့ အမျိုးသမီး ဆေးရုံမှာလည်း ဆရာဝန် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Jeanne Duffy က ပြောပြ ခဲ့တာကတော့" ငါတို့ သိထားတာက မတူညီတဲ့ များစွာသော မှတ်ဥာဏ် တွေဟာ အိပ်စက်ခြင်း နဲ့ ကောင်းမွန် လာနိုင်ပါတယ်။

လေ့လာမှု အချို့ကနေသိခဲ့ ရတာက အိပ်စက်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ လူတွေ ၊ နာမည်တွေကို မှတ်မိနိုင်စွမ်းကို ဘယ်လောက်ထိ သက်ရောက်မှု ရှိလဲ ဆိုတာပါပဲ။

ထိုလေ့လာမှု မှာပါဝင်တဲ့ လုပ်အားပေး တွေဟာ ထိန်းချုပ်မှု ရှိတဲ့ ပတ်ဝန်းကျင် တစ်ခု မှာ စမ်းသပ် စစ်ဆေးမှု ခံယူ ခဲ့ကြ ရပါတယ်။ သူတို့ဟာ အရွယ်ရောက်ပြီး သူတွေရဲ့ ကာလာ ဓါတ်ပုံ ၆၀၀ ကျော် ထဲကမှာ အယောက် ၂၀ ရဲ့ ဓါတ်ပုံနဲ့ အမည်တွေကို ပြသခြင်း ခံခဲ့ရ ပါတယ်။

၁၂ နာရီ ကြာတဲ့ အခါမှာတော့ သူတို့ကို ဓါတ်ပုံတွေ ပြန်ပြ ခဲ့ပါတယ်။ အဲဒီ အခါမှာတော့ ဓါတ်ပုံနဲ့ နာမည်တွေနဲ့ တွဲဖက် ထားခြင်း မရှိတော့ပါဘူး။

သူတို့ကို မှန်ကန်တဲ့ နာမည်တွေ ပြောပြ ခိုင်းပြီး ၂ ကြိမ်တိုင် စစ်ဆေး ခဲ့ပါတယ်။ ရလဒ်ကတော့ ၈ နာရီကြာ အိပ်စက် ခဲ့ရသူတွေဟာ အိပ်ရေး မ၀ခဲ့တဲ့ သူတွေထက် အမည်နဲ့ ဓါတ်ပုံတွေကို တွဲဖက် ဖြေဆိုနိုင်စွမ်း ၁၂ ရာခိုင်နှုန်း ပိုမို ကောင်းမွန်နေ တာကို တွေ့ရပါတယ်။

"အိပ်စက်ခြင်းစာ သတင်း အချက်အလက် အသစ်တွေကို လေ့လာဖို့ အတွက် အရေးကြီး ပါတယ်" လို့ ဒေါက်တာ Duffy က ဆိုပါတယ်။

လူတွေဟာ အသက်ကြီး လာတဲ့ အခါမှာ အိပ်ချိန်တွေ မှားယွင်း လာပြီး အိပ်ရေးပျက် လာကြတာ များပါတယ်။ အဲဒီက တဆင့် မှတ်ဥာဏ် ပြသနာ တွေ ဖြစ်လာ တာပဲ ဖြစ်ပါတယ်။ ထိုရှာဖွေ တွေ့ရှိ မှုတွေကိုတော့ Neurobiology of Learning and Memory ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ် ဖော်ပြ ခဲ့ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/11/blog-post_63.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment