ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 12, 2015

ပုံမှန်အားဖြင့် အိပ်ချိန် နည်းပါးနေခြင်းဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက် တွေကို ဆုံးရှုံးနိုင်ခြေ များ




တစ်နေ့ကို ၅ နာရီ မပြည့်အောင် အိပ်စက်ခြင်းဟာ ကျောက်ကပ် ဆုံးရှုံးနိုင်ခြေကို ပိုများ လာစေနိုင် တယ်လို့ လေ့လာမှု တစ်ခုက ဆွေးနွေး တင်ပြ လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သုတေသီ တွေရဲ့ ရှာဖွေ တွေ့ရှိမှုဟာ သင့်ကျောက်ကပ် ကျန်းမာရေး အတွက် အိပ်ချိန် ဘယ်လောက် လိုအပ်တယ် ဆိုတာကို ပြသနိုင် ခဲ့ပါတယ်။

မန်ဆာချူးဆက်ပြည်နယ် ၊ ဘော်စတွန် မြို့မှာရှိတဲ့ Brigham နဲ့ အမျိုးသမီးဆေးရုံ တို့က ကျွမ်းကျင်သူတွေဟာ လူအယောက် ၄၀၀၀ ခန့်ကို ဆယ်စုနှစ် တစ်ခုကျော် လေ့လာခဲ့ကြပါတယ်။ အဲဒီအခါမှာ သုတေသီတွေဟာ တစ်ညကို ၅ နာရီသာ အိပ်စက်သူတွေဟာ တစ်ညကို ၇ နာရီ အိပ်စက်သူတွေထက် ကျောက်ကပ် ရဲ့ လုပ်ဆောင်ချက်တွေ ဆုံးရှုံးသွားဖို့ အခွင့်အလမ်း ၆၅ ရာခိုင်နှုန်း ပိုများတယ်ဆိုတဲ့ အတွေ့အကြုံတွေကို တွေ့ရှိခဲ့ကြပါတယ်။

ထို ရှာဖွေတွေ့ရှိမှုတွေကို သုတေသီတွေက ဆန်ဒီယေးဂိုး မြို့မှာ ပြုလုပ်ခဲ့တဲ့ အရေးကြီးသော ဆေးပညာ ညီလာခံ မှာ တင်ဆက် ပြသခဲ့ကြတာပဲဖြစ်ပါတယ်။

ထို သုတေသန ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Ciaran Joseph McMullan က "ဒါဟာ အိပ်ချိန်နည်းပါးခြင်းဟာ ကျောက်ကပ် လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးမှုနဲ့ ဆက်စပ်နေခြင်းကို ရှာဖွေဖို့ ပထမဆုံး အမျှော်အမြင်ရှိတဲ့ လေ့လာမှု ပါ" လို့ ဆိုပါတယ်။

ပျမ်းမျှအားဖြင့် လူ ၃ ယောက် မှာ ၁ ယောက်ဟာ စိတ်ဖိစီးမှုတွေ ၊ ကွန်ပျူတာတွေ ၊ အချိန်ကြာကြာ အလုပ်လုပ်ရခြင်းတွေ ၊ အပြစ်တင်ခံရခြင်းတွေကြောင့် အိပ်ချိန်နည်းပါးနေကြပါတယ်။ ကျွမ်းကျင်သူတွေ အရင်တစ်ခေါက်တုန်းက ရှာဖွေတွေ့ရှိထားတာက ပုံမှန်အားဖြင့် အိပ်ချိန်နည်းပါးနေခြင်းဟာ သင့်ကို အ၀လွန်ခြင်း ၊ နှလုံးရောဂါ နဲ့ ဆီးချို ၊ သွေးချို ရောဂါ တွေအပါအ၀င် အရေးကြီးတဲ့ ကျန်းမာရေး အခြေအနေတွေကို ဖြစ်လာနိုင်စေတယ် ဆိုတာပါပဲ။

ပိုပြီးသေချာတာက ပုံမှန်အားဖြင့် အိပ်ချိန် နည်းပါးခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀ သက်တမ်းကို တိုတောင်းသွားစေနိုင်ပါတယ်။ ဒါပေမယ့်လည်း အိပ်ချိန်နည်းပါးခြင်းဟာ နာတာရှည် ကျောက်ကပ် ဝေဒနာ ကို ဖြစ်စေနိုင်ပါသလားဆိုတာတော့ အခုချိန်ထိ တိတိကျကျ မသိရှိခဲ့သေးပါဘူး။ လက်ရှိ နောက်ဆုံး ပြုလုပ်ထားတဲ့ သုတေသန အရတော့ သင့်ရဲ့ အိပ်ချိန်တွေ ဆုံးရှုံးတဲ့အခါ ကျောက်ကပ် ရဲ့ လုပ်ဆောင်ချက်တွေ ပျက်စီးဆုံးရှုံး ရနိုင်တယ် ဆိုတာကိုသာ သိရှိထားတာဖြစ်ပါတယ်။

လူတွေဟာ ပျမ်းမျှအားဖြင့်တော့ တစ်နေ့ကို ၈ နာရီ ခန့် အိပ်စက်ဖို့ လိုပါတယ်။ ဒါမှသာ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် တစ်ချို့ကတော့ အိပ်ချိန် ၈ နာရီ ထက်ပိုလိုအပ်နိုင်ပြီး တစ်ချို့ကတော့ ၈ နာရီတောင် မလိုအပ်ကြပါဘူး။

ကျောက်ကပ်ဟာ သွေးဖိအား ရရှိနိုင်အောင်ကူညီပေးပြီး နှလုံးနဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်ချက် ကောင်းမွန်အောင် လည်းကူညီပေးနေပါတယ်။ အရိုးကျန်းမားရေးကိုလည်း ထိန်းသိမ်းပေးတဲ့အပြင် သွေးနီဥ ဆဲလ် ထုတ်လုပ်ခြင်းကိုလည်း လှုံ့ဆော်ပေးနေတာ ဖြစ်ပါတယ်။

အကယ်၍ တစ်ညကို ၅ နာရီ မပြည့်တဲ့ အိပ်စက်ချိန်တွေ ပုံမှန်ဖြစ်လာတဲ့အခါမှာ ကျောက်ကပ်ရဲ့ အထက်ပါ လုပ်ဆောင်ချက်တွေ ပျက်စီးဆုံးရှုံးသွားလိမ့်မယ်လို့ သုတေသီ တွေက သတိပေးထားပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_42.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment