ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 14, 2015

ကလေးထိန်းကျောင်းရှိ မူကြိုကလေးငယ် တွေဟာ အပြင်ကမ္ဘာမှာ နေဖို့ အချိန် ပိုမိုလိုအပ်




မူလတန်း တက်ခွင့် မရသေးတဲ့ ကလေးငယ် တွေဟာ သူတို့ရဲ့ အချိန် အများစုကို နေ့ကလေးထိန်း ကျောင်းတွေမှာ ကုန်ဆုံး နေရလေ့ ရှိပါတယ်။ သူတို့လေးတွေ အနေနဲ့ ထိုအချိန် တွေကို အဆောက်အဦး တွေရဲ့ အပြင်ဘက် မှာ ထွက်ပြီး အချိန်ဖြုန်းဖို့ ပိုမို အရေးကြီးနေ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ကလေးငယ်တွေ အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နေလို့ပါ။

လမ်းညွှန် စည်းကမ်းချက်တွေ အရ ကလေးငယ် တွေဟာ တစ်နေ့ကို မိနစ် ၆၀ ခန့် အပြင် ကမ္ဘာမှာ ဆော့ကစား သင့်တယ်လို့ ဆိုထားပေမယ့် သုတေသီတွေ ရှာဖွေတွေ့ရှိ ခဲ့တာက ကလေးငယ် တွေဟာ တစ်နေ့ကို ၁ နာရီတောင် အပြင်ကမ္ဘာမှာ ဆော့ကစားခွင့် မရကြ ရှာပါဘူး။

"နေ့စဉ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ ကလေးငယ်တွေရဲ့ ကြီးထွားမှု နဲ့ ဖွံဖြိုးတို့အတွက် လိုအပ်တယ် ဆိုတာ ကျွန်ုပ်တို့ သိပြီးသားပါ။ အဲဒီလို လှုပ်ရှားမှုတွေဟာ နှလုံးသွေးကြော ၊ အရိုးကျန်းမာရေးတို့ အပြင် ခံစားမှု ၊ စိတ်ပါ ၀င်စားမှု နဲ့ စွမ်းဆောင်ရည် တွေကို ပိုမိုကောင်းမွန် လာစေနိုင် ပါတယ်လို့ Cincinnnati ကလေးဆေးရုံက သုတေသီ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Kristen က ဆိုပါတယ်။

သုတေသီတွေဟာ အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်က Cincinnati မြို့မှာရှိတဲ့ နေ့ကလေးထိန်းကျောင်း ၃၀ ကို ရွေးချယ်ပြီး ထိုကျောင်းတွေ မှာရှိတဲ့ ကလေးငယ် ၃၈၈ ယောက်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ကနေ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ လအထိ ၂၄ နာရီတာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု တွေကို မှတ်တမ်း တင်လေ့လာ ခဲ့တာပါ။

ထို ကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းက တစ်နေ့ကို ၂ ကြိမ်လောက် အပြင်ဘက်ထွက်ပြီးဆော့ကစားခွင့် ရခဲ့ပေမယ့် ၄၀ ရာခိုင်နှုန်းသော ကလေးတွေသာ တစ်နေ့ကို ၂ ကြိမ်ထက်မနည်း အပြင်ကမ္ဘာမှာ သွားရောက်ဆော့ကစားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၃၂ ရာခိုင်နှုန်းကတော့ အပြင်မှာ လုံးဝ မဆော့ခဲ့ရဖူးလို့ သိရပါတယ်။ ၈၃ ရာခိုင်နှုန်းကတော့ အပြင်ဘက်မှာ မိနစ် ၆၀ ခန့်အထိ နေ့စဉ် ဆော့ကစားကြပါတယ်တဲ့။

အဲဒီလို အပြင်ကမ္ဘာမှာ တစ်နေ့ ကို မိနစ် ၆၀ ခန့် ဆော့ကစားလေ့ရှိခဲ့သူတွေဟာ အပြင်ကမ္ဘာကို လုံလောက်စွာ မထွက်ခဲ့ရတဲ့ ကလေးငယ်တွေထက်ပိုမို တက်ကြွနေတာကိုလည်း တွေ့ရပြန်ပါတယ်။

"ဒီ အခွင့်အရေးတွေဟာ အိမ်မှာ တက်ကြွနေဖို့ အခွင့်အရေးမရှိသူတွေအတွက် ပိုမို အရေးကြီးပါတယ်။ ဒါကြောင့်နေ့ကလေးထိန်းကျောင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း အရေးပါပြီဒ ကလေးငယ်တွေရဲ့ နေ့စဉ်လှုပ်ရှားမှု ပမာဏဟာ သက်ရောက်မှုတွေရှ်လာပါတယ်။" လို့ ဒေါက်တာ Copeland က ဆိုပါတယ်။

ထို လေ့လာမှုကိုတော့ Preventive Medicine ဆိုတဲ့ အမေရိကန် ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_15.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment