ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 1, 2015

ခေါင်းကိုက်ရုံမက ရူးစေနိုင်တဲ့ အရက်နာကျခြင်း




အရက် အလွန် အကျွံ သောက်လို့ အရက်နာ ကျရင် မအီ မသာဖြစ်၊ တဒုတ်ဒုတ်နဲ့ ခေါင်းတွေကိုက်၊ အလောင်းကောင်လို ဖြူရော်ပြီး နောက်ဆုံး ရူးပါ ရူးသွားနိုင်တယ်လို့ လေ့လာမှု သစ်တစ်ရပ် အရ သိရ ပါတယ်။

အရက် အလွန်အကျွံ သောက်အပြီး သွေးထဲက အယ်လ်ကိုဟော ပမာဏဟာ သုည ရောက်အောင် ပြန်ကျသွားတဲ့ အထိ စောင့်ကြည့် လေ့လာပြီး သုတေသန ပြုခဲ့ပါတယ်။

အရက်အလွန်အကျွံသောက်ရင် ဦးနှောက်လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ အစပိုင်းမှာ ရေဓါတ်ခမ်းခြောက်ခြင်းအဖြစ်နဲ့ လက္ခဏာပြလာပြီး အရက်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက အလုပ်စလုပ်ပါတော့တယ်။

အရက်ထဲမှာ အဓိကပါဝင်တာက ခန္ဓာကိုယ်ကနေ အက်ဆီတိတ်တွေကို ပြိုကွဲလာစေတဲ့ အီသနောတွေပါပဲ။ အက်ဆီတိတ်တွေထွက်လာမှလည်း အဲ့ဒီ့ အီသနောတွေကို တိုက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးမှာ Acetaldehyde လို့ခေါ်တဲ့ အဆိပ်ပုံစံတစ်မျိုး ဖြစ်လာပါတော့တယ်။

အချို့အရက်တွေမှာ မီသနော နည်းနည်းပါဝင်ပြီး မီသနောပြိုကွဲရင် ပိုများတဲ့ အဆိပ်ဒြပ်ပေါင်းတွေထွက်လာပါတော့တယ်။ ပိုနက်တဲ့အရက်တွေမှာ ရှုပ်ထွေးလှတဲ့ အော်ဂင်းနစ် မော်လီကျူးတွေပါပြီး၊ အဲ့ဒီ့အရက်မျိုးကိုသောက်ရင် အရက်နာကျတာ ပိုဆိုးပါတယ်။ ဥပမာ Vodka သောက်ရင် Whisky သောက်တာလောက် အရက်နာမကျတာမျိုးပေါ့။

အရက်နာကျတာဟာ အသက်အရွယ်နဲ့ဆိုင်တယ်လို့ ယေဘုယျအနေနဲ့ လူအတော်များများက သိထားတွေးထားကြတယ်။ အရက်နာသိပ်မကျတတ်တဲ့ သူတွေအကြောင်းကိုလဲ စတင်လေ့လာနေပါပြီ။ ဖြစ်နိုင်တာကတော့ အဲ့ဒီ့လို အရက်နာသိပ်မကျတတ်တဲ့သူတွေဟာ သူတို့ဘယ်လောက်သောက်နိုင်တယ်၊ မသောက်နိုင်ဘူးဆိုတာကို သင်ယူပြီးမြောက်ခဲ့တဲ့ သူတွေပါပဲ။

Ref:Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_1.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment