ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 2, 2015

အခက်အခဲတွေကြောင့် အမျိုးသား ၁၀ဦးမှာ ၄ဦးနှုန်း သေကြောင်းကြံဖို့ ကြံစည်နေ




အမျိုးသား ၁၀ ဦးမှာ ၄ ဦးနှုန်းနဲ့ သေကြောင်းကြံဖို့ စဉ်းစားနေကြောင်း လေ့လာမှု တစ်ရပ်က ရှာဖွေ ဖော်ထုတ် ခဲ့ပါတယ်။

မိန်းမနဲ့ ကွဲတာ၊ ငွေရေးကြေးရေး ပြဿနာ တက်တာ၊ အလုပ် ပြဿနာ ဒါမှမဟုတ် သူတို့ရဲ့ ဘဝမှာ တစ်နည်းနည်းနဲ့ ညှင်းဆဲ တာမျိုးတွေကို ကြုံရတဲ့ အသက် ၁၈ နှစ်မှ ၄၅နှစ် အတွင်း အမျိုးသား တွေထဲက ထက်ဝက်ခန့်ဟာ ဘေးဒုက္ခ ကနေ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဖြစ်ဖို့ အတွက် သေကြောင်းကြံဖို့ အကြောင်း စဉ်းစား ခဲ့ကြတယ်လို့ ရှာဖွေတွေ့ရှိ ခဲ့တာပါ။

အဲ့လို လူတွေက သူတို့ဘယ်လောက် အခက်တွေ့နေ ပါတယ်ဆိုတဲ့ အကြောင်းကို ဘယ်သူ့ကိုမှ ပြောလေ့ မရှိဘူးလို့ ဆိုပါတယ်။

ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ကတော့ ကိုယ်ချစ်တဲ့ သူတွေကို စိတ်မပူစေ ချင်တာ၊ သူတို့ ခံစားနေ ရတာနဲ့ ပတ်သက်ပြီး ရှက်နေတာ၊ အားနည်း တယ်လို့ အထင်မခံ လိုတာ တွေကြောင့်ပါ။

သေကြောင်းကြံတာ ကပဲ တကယ့်ဖြေရှင်းမှု ဖြစ်တယ်လို့ကို သူတို့က ထင်နေ ကြတာပါ။

တစ်ကိုယ်တည်း အထီးကျန် ဆန်ခြင်း၊ ကိုယ့်ကိုကိုယ် ပျက်စီးစေမယ့် ကိစ္စတွေကို စိတ်လိုက် မာန်ပါ လုပ်တတ်ခြင်း တွေက အမျိုးသား သေကြောင်းကြံမှုနှုန်း မြင့်တက် လာစေတာ ဖြစ်တယ်လို့ ရှာဖွေတွေ့ရှိ ချက်တွေက မီးမောင်းထိုးပြ ခဲ့ပါတယ်။

သေကြောင်းကြံဖို့ အတွေးဟာ မိန်းမနဲ့ ကွဲလို့၊ ရည်းစားနဲ့ ပြတ်လို့ ဆိုတာကနေ ၅ ပုံ ၁ ပုံ လာတယ် လို့လည်း သိရပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_84.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment