ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 16, 2015

ရင်ခွင်ပိုက် ကလေးများကို ဖြည့်စွက် စာကျွေးခြင်းက အစာအိမ် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်စေ




Swenden နိုင်ငံမှ သုတေသန ပညာရှင် တွေဟာ ရင်ခွင်ပိုက် ကလေးငယ် လေးတွေကို အသက်၂နှစ် မပြည့်ခင် Gluten ဖြည့်စွက် အစာကျွေးခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာ ရောဂါ ဖြစ်ပွားမှုနှုန်း ပိုမို မြင့်တက် စေတာကို တွေ့ရှိခဲ့ ကြပါတယ်။

သုတေသန ပြုသူတွေက လေ့လာချက် အရ Gluten ကို စောစီးစွာ ကျွေးခြင်းဟာ ရောဂါ ဖြစ်ပွားမှုနှုန်းကို ပိုမိုမြင့်မား စေနိုင်တဲ့ ရလဒ်တွေကို တွေ့ရှိခဲ့ ရတယ်လို့ ဆိုပါတယ်။ လူတွေရဲ့ ၁ရာခိုင်နှုန်းမှာ ဖြစ်ပွားတတ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာ ရောဂါဟာ အူသိမ် အတွင်း အစာ ချေဖျက်နိုင်တဲ့ ခုခံအား စနစ်ကို ဒုက္ခ ပေးတာ ဖြစ်ပါတယ်။

ပညာရှင်တွေဟာ ဆွီဒင်ကလေးငယ် ၂၅၂၅ ဦးကို ၄၆၃ တွဲ တွဲဖက်ကာ ကျား၊မ၊ မွေးဖွားတဲ့ ခုနှစ်နဲ့ HLA genotype တို့ကို အခြေခံပြီး လေ့လာ ခဲ့ကြတာ ဖြစ်ပါသတဲ့။ အသက် ၉လ၊ ၁၂ လနဲ့ ၂၄လ အရွယ် ကလေးငယ် များရဲ့ Gluten စားသုံးမှု ပမာဏကို တွက်ချက်ပြီး စမ်းသပ် စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂နှစ် မပြည့်ခင် Gluten စားသုံး ခဲ့ကြတဲ့ ကလေးငယ် လေးတွေမှာ ရောဂါ ဖြစ်ပွားနိုင်ချေ ၂ ဆ ပိုများကြောင်း သိရှိရ ပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_16.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment