
နေကြာဆီနဲ့ ပြောင်းဆီ စတဲ့ ဟင်းသီး ဟင်းရွက် ဆီတွေမှာ နှလုံးရောဂါနဲ့ dementia ခေါ် ဦးနှောက် ထိခိုက်မှု ကြောင့် စိတ်ဖောက်ပြန်မှု ရောဂါတွေကို ဖြစ်စေနိုင်တဲ့ အဆိပ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်လျက် ရှိကြောင်း သိပ္ပံပညာရှင် တွေက သတိပေးပြောကြား လိုက်ပါတယ်။
ဒီ ဆီတွေအစား သံလွင်ဆီကို ရွေးချယ် အသုံးပြုနိုင်ပေမယ့် ကျွမ်းကျင်သူတွေရဲ့ အဆိုအရ စားအုန်းဆီ၊ ထောပတ် နဲ့ ဝက်ဆီတို့ ဟာ တခြားဆီတွေထက် သာလွန်ကောင်းမွန် တယ်လို့ ဆိုပါတယ်။
“ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ မငြိစွန်းနေတဲ့ ရောဂါအုပ်စုရယ်လို့ ကို မရှိဘူးဖြစ်နေပါတယ်” လို့ De Montford တက္ကသိုလ်က ပရော်ဖက်ဆာ Martin Grootveld က ပြောပြပါတယ်။
“ ပထမဆုံးအနေနဲ့ အတတ်နိုင်ဆုံး ဆီကြော်အစားအစာတွေကို ရှောင်ပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာပဲ ကျွန်တော်တို့ က ဆီကြော်စာကို မှကြိုက်တတ်ကြပြီး ကျွန်တော်ကိုယ်တိုင်လည်း ဆီလေးနဲ့ ကြော်ထားတဲ့ မနက်စာကောင်းကောင်းတစ်နပ်ကို မရှောင်နိုင်ဘူးဖြစ်နေတယ်”
“ ဒီအတွက်ကြောင့် ဆီသုံးမယ်ဆိုရင်လည်း ဒီ အဆိပ်ရှိဒြပ်ပေါင်းပါဝင်မှုနည်းပါးတဲ့ ဆီမျိုးကို ရွေးသုံးပါ”
နေကြာဆီ ဒါမှမဟုတ် ပြောင်းဆီကို သုံးပြီးကြော်ထားတဲ့ ငါးကြော်ဟင်းမှာ aldehydes ဆိုတဲ့ အဆိပ်ရှိဒြပ်ပေါင်းဟာ စိတ်ချရတဲ့ပမာဏထက် အဆ ၂၀၀ ကျော် ပိုမိုပါဝင်နေတာကို ပရော်ဖက်ဆာ Grootveld က တွေ့ ရှိခဲ့ရ ပါတယ်။
ကိုလက်စထရောဖြစ်ပေါ်မှုအားမပေးတဲ့ polyunsaturated fats ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဆီတွေ ဟာ အန္တရာယ်ရှိတဲ့ဒြပ်ပေါင်း အမြောက်အများကို ထုတ်ပေးနိုင်ပြီး သံလွင်သီးနဲ့ အခွံမာစေ့တွေကနေရတဲ့ monounsaturated fat ပြည့်ဝတဲ့ဆီတွေကတော့ ဒီဒြပ်ပေါင်းတွေကို အနည်းအကျဉ်းသာ ထုတ်ပေးတယ်လို့  ပရော်ဖက်ဆာက ရှင်းပြပါတယ်။
ယခုတွေ့ ရှိမှုဟာ ပြည့်ဝဆီတွေကို ရှောင်ရှားပြီး polyunsaturated fats ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဆီ တွေကို ရွေးချယ်အသုံးပြုသင့်တယ်ဆိုတဲ့ နှစ် ၂၀ ကျော်ကြာ သုတေသနပြု လက်ခံထားတဲ့ အချက်အလက်နဲ့  လုံးဝဖီဆန်လျက်ရှိပါတယ်။
Ref: Metro
Original link - http://health.thithtoolwin.com/2015/11/blog-post_10.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment