ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 9, 2015

ဘီယာ ဗိုက် အကြောင်း သိကောင်းစရာများ




ဘီယာသောက် ခြင်းဟာ ဗိုက်မှာ အဆီတွေ ထွက်ပြီး ဗိုက်ပူ လာစေတယ် ဆိုတာဟာ ပါးစပ်ပြော ပုံပြင် တစ်ခုလို ဖြစ်နေ ခဲ့ပါတယ်။ ဒါဟာ ဘီယာ ရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဘီယာသောက်ခြင်းဟာ ဘီယာဗိုက်ကို ဘာကြောင့် ဖြစ်ပေါ်စေ ရတယ် ဆိုတာကိုတော့ MensXP ဆိုတဲ့ ၀က်ဘ်ဆိုက်က အခုလို ရှင်းပြ ထားပါတယ်။

လူတိုင်းသိထားကြတာကတော့ ဘီယာ ရဲ့ အဓိက ပစ်မှတ်ဟာ ဘီယာဗိုက်ဖြစ်လာဖို့ ပါပဲ။ ဒါပေမယ့် ဘီယာဗိုက်ဆိုတဲ့ အဆီတွေဟာ ဘီယာကြောင့်မဟုတ်ပါဘူး။ ယမကာ(Alcohol) မှာပါဝင်တဲ့ ကယ်လိုရီကြောင့်ပါ။ ထို ကယ်လိုရီတွေဟာ ကိုယ်အလေးချိန်တိုးလာအောင် ဖန်တီးလိုက်ပါတယ်။ ဒါကြောင့် အဓိက တရားခံက ယမကာ(Alcohol) ပါ။

သင်ဟာ အရက်ဖြစ်စေ ၊ ၀ိုင်ဖြစ်စေ ၊ ဘီယာ ဖြစ်စေ ယမကာ ပါဝင်တဲ့ အရည်တစ်ခုခုကို သောက်သုံးလိုက်တာနဲ့ သင့်ရဲ့ အသည်းဟာ ကယ်လိုရီတွေထက် ယမကာတွေကိုသာ လောင်ကျွမ်းစေလိုက်ပါတယ်။ ဒါကြောင့် မလောင်ကျွမ်းသေးတဲ့ ကယ်လိုရီတွေဟာ ယေဘူယျအားဖြင့် အသည်းအတွင်းမှာ ဂလိုင်ကိုဂျင် အဖြစ် မသိုလှောင်လိုက်ပဲ အဆီတွေ အဖြစ်သာ သိုလှောင်လိုက်တာပါ။ အဲဒါကြောင့် သင့်ဗိုက်မှာ အဆီတွေ စုပုံရောက်ရှိလာတာပါ။

ယမကာ(Alocohol) ဟာ ကယ်လိုရီကို အခြေခံပြီး ထုတ်လုပ်တဲ့ ဓါတ်ပေါင်း ပစ္စည်းတစ်မျိုးပါ။ ယမကာ ၁ ဂရမ်မှာ ၇ ကယ်လိုရီ ပါဝင်ပါတယ်။ ထို ကယ်လိုရီပါဝင်မှုဟာ ကာဗွန်ဟိုက်ဒြိတ် နဲ့ ပရိုတိန်း ပါဝင်မှုတို့ထက် ၂ ဆ များနေပါတယ်။ တစ်ကယ်တော့ ဘီယာ ဆိုတာဟာ ၀ီစကီ ၊ ဗော့ဒ်ကာ ၊ ဂျင် တို့နဲ့ ယှဉ်လိုက်ရင် ကယ်လိုရီ ပါဝင်မှု အနည်းငယ်ပိုများနေပါတယ်။ ၃၅၀မီလီလီတာ ( သံဗူးတစ်ဗူးစာ ) ပမာဏ ရှိတဲ့ ဘီယာ မှာ ကယ်လိုရီ ၁၆၀ ခန့် အနည်းဆုံး ပါဝင်နေပါတယ်။

ဒါပေမယ့်လည်း သုံးသပ်ကြည့်လိုက်တဲ့အခါမှာ ဘီယာဟာ ကယ်လိုရီ ပဲ ပိုများတာပါ။ အခြားအဆီ တွေပါဝင်မှု မရှိပါဘူး။ ဒါကြောင့် သင့်ကို ဘီယာ ဗိုက်ဖြစ်စေခဲ့တာဟာ ဘီယာ တစ်ခုတည်းမဟုတ်ပါဘူး။ ယမကာ ပါဝင်တဲ့ အရည်တိုင်းဟာ သင့်ကို ဗိုက်ထွက်လာစေနိုင်ပါတယ်။ ဒါကိုတော့ ယမကာ လုလင်တို့အားလုံး သိထားသင့်ပါတယ်။ ချီးယားစ်။

Ref : MensXp

Original link - http://health.thithtoolwin.com/2015/11/blog-post_49.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment