ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

နံရိုးအပြင်ဘက်မှာ နှလုံးထွက်၍ မွေးဖွားလာသော ဆယ်ကျော်သက်




နံရိုး အပြင်ဘက်ထိ နှလုံးထွက်ပြီး မွေးဖွား လာတဲ့ ၁၈နှစ်အရွယ် ထူးဆန်း ကောင်လေး တစ်ယောက်ကို တွေ့ရှိ ခဲ့ရပါတယ်။ သူ့နှလုံးဟာ အရေပြား ပါးပါး လေးအောက်မှာတင် ခုန်နေတာပါ။ သူ့နာမည်ကတော့ Arpit Gohil ပါ။



ဒီလို အရမ်းရှားပါးတဲ့ အခြေအနေနဲ့ သူ့ကိုမွေးလာတဲ့ အခါ သူဟာ တကယ့်ကို သေလုနီးပါး ဖြစ်ခဲ့တယ်လို့ သူ့မိဘတွေက ပြောခဲ့ပါတယ်။ သူ့ရဲ့ အဖြစ်ကို ဆေးပညာ အရဆိုရင် အံ့ဖွယ်ပဲဆိုပြီး ဆရာဝန်တွေက အံ့သြ ချီးမွန်းကြပါတယ်။ သူဟာ မှောက်ရက် ချော်လဲတာပဲဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ရင်ဘတ်ကို ဝင်စောင့် မိခဲ့တာပဲ ဖြစ်ဖြစ် ချက်ချင်းသေနိုင်ပါတယ်။

Pentalogy of Cantrell လို့သိကြတဲ့ ဒီရှားပါးရောဂါကြောင့် နှလုံး ဒါမှမဟုတ် အစာအိမ် စတဲ့ အင်္ဂါ အစိတ်အပိုင်းတွေဟာ ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာ ရောက်လျှက်ရှိတဲ့ ကလေးတွေ အဖြစ် မွေးဖွား လာစေနိုင်ပါတယ်။

ဒီလို အခြေအနေရှိတဲ့ ကလေးတွေကို လက်အိတ် ဝတ်ကာ ဝါဂွမ်းစနဲ့ ပွတ်ပြီး ကုသ ရပါတယ်။ မလိုလားအပ်တဲ့ အန္တရာယ်တွေ မဖြစ်အောင်လဲ ဂရုစိုက်ပေး ရပါတယ်။

Arpit ဖြစ်ခဲ့တဲ့ အခြေအနေကတော့ အဆိုးရွားဆုံး ဖြစ်တဲ့ ‘ectopia cordis’ ဖြစ်ခဲ့ပြီး သူ့လိုအခြေအနေမျိုးကို လူ ၁၆၅ ယောက်မှာပဲ တွေ့ဖူး ပါသေးတယ်။ ပုံမှန်လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ သူကတော့ တခြားကလေးတွေလိုပဲ သစ်ပင် တက်ခဲ့ပြီး သူအဖေနဲ့ အတူ လယ်ထွန်စက်ကို မောင်းနေပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_26.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment