ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

ဆရာဝန်များက ဆယ်ကျော်သက် တစ်ဦး၏ သွား ၂၃၂ ချောင်းကို နှုတ်




သွား ဆရာဝန်ဆီ မသွားချင်ဘူး မဟုတ်လား။ Ashik Gavai ဆိုတဲ့ ဆယ်ကျော်သက် လောက်တော့ မဆိုးလောက် ပါဘူး။

အသက် ၁၇နှစ် အရွယ် Ashik Gavai ဆိုသူဟာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမှာရှိတဲ့ သွား ဆရာဝန်ဆီမှာ နာရီနဲ့ ချီပြီး သွားအနှုတ် ခံခဲ့ရပါတယ်။ သူ့ရဲ့ ညာဘက် မေးရိုးမှာ ပုံမှန်မဟုတ်တဲ့ သွားတွေ ပေါက်နေလို့ ပါပဲ။ ဒါက ရှားရှားပါးပါး ရောဂါတစ်မျိုးပါ။ သွား ၂၃၂ ခုဟာ ပေါက်နေတာကို ဆရာဝန်တွေ သိလိုက်ရတဲ့ အခါမှာ အံ့အားသင့်ခဲ့ကြပါတယ်။

“သွားတွေက အရွယ်အစား မတူညီကြဘူး။ တချို့သွားတွေက မုန်ညင်းစေ့လောက်ပဲရှိပေမဲ့ တချို့သွားတွေက ကျောက်ဒိုးလောက်ကြီးတွေ။ ဒါတွေအကုန်လုံးက အံသွားတစ်ချောင်းတည်းကနေ ဖြစ်လာတာ။ ဒါမျိုးက ရှားမှရှားပဲ။” လို့ JJ ဆေးရုံ၊ သွားဘက်ဆိုင်ရာဌာန ဦးစီးဖြစ်တဲ့ ဒေါက်တာ Sunanda Dhivare-Palwankar ကပြောခဲ့ပါတယ်။

Gavai ဟာ ဒီလိုဖြစ်နေတာကို လွန်ခဲ့တဲ့ ၁ နှစ်ခွဲ လောက်ကတည်းက သိခဲ့ပေမဲ့ သူ့ရွာက ဆရာဝန်ဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အဖြေမရှာနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကစပြီး သူအရမ်း နာခဲ့တာပါ။ အဲ့ဒီ့နောက်မှာတော့ သူဟာ Complex Composite Odontoma ဖြစ်နေတာလို့ ဆရာဝန်တွေက ရောဂါအဖြေရှာနိုင်ခဲ့ပါတယ်။ အန္တရာယ် မရှိတဲ့ သွားအကျိတ် ဖြစ်တာပါ။ ဒါဟာ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ဒီအကျိတ်မျိုးဖြစ်ရင် အစာစားရတာ အခက်အခဲရှိလာပြီး မျက်နှာပုံလဲ ပျက်လာပါတယ်။

“သူ့အခြေအနေက ကင်ဆာဖြစ်နိုင်မလား စိုးရိမ်လို့ ကျွန်တော် သူ့ကို မွန်ဘိုင်းကို ခေါ်လာတာ။” လို့ Gavai ရဲ့ဖခင်ဖြစ်သူ Suresh Gavai ကပြောခဲ့ပါတယ်။

“အခုတော့ သူ့မျက်နှာ ပြောင်းလဲသွားပြီ။ ပုံမှန် ကျန်းကျန်းမာမာ ဘဝကို သူ တကယ်ပိုင်ဆိုင်ရတော့မှာပါ။” လို့ ဒေါက်တာ Dhivare-Palwankar က ပြောခဲ့ပါတယ်။

Ref: Huffingtonpost

Original link - http://health.thithtoolwin.com/2015/10/blog-post_77.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment