ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

ဒေါသထွက်ပြတိုင်း မိန်းမတွေ အပြစ်ရ၊ ယောကျာ်းတွေ ဆုလာဘ်ရ




မိန်းမတွေဟာ သူတို့ ဒေါသ ထွက်ပြတိုင်း အပြစ်ရ ပြီး ယောက်ျားတွေ ဒေါသ ထွက်ရင်တော့ ဆုလာဘ် ရကြောင်းကို ကျွမ်းကျင် ပညာရှင်တွေက ထုတ်ဖော် ပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက Serena Williams ဆိုသူ အမျိုးသမီး တင်းနစ် ကစားသမားဟာ အမေရိကန် တင်းနစ်ပွဲ ဖွင့်ပွဲမှာ စည်းကြပ်ဒိုင် လုပ်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကို ဒေါသ ထွက်ပြီး အော်ခဲ့တဲ့ အတွက် ကန်ဒေါ်လာ ၈၂၅၀၀ ပေးဆောင် ခဲ့ရပါတယ်။ သူမ သာ အမျိုးသား တစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင် သူမရဲ့အပြုအမူကို လျစ်လျူ ရှုလိုက်လို့ ရကြောင်း တင်းနစ် ပရို Serena က ထောက်ပြ ခဲ့ပါတယ်။

Serena လိုပဲ အမျိုးသမီး တော်တော် များများဟာ သူတို့ စိတ်ထဲ ရှိတဲ့ အတိုင်း ပြောခဲ့မိတဲ့ အတွက်ကြောင့် အပြစ်သင့်ခဲ့ ပေမဲ့ သူတို့ရဲ့ အမျိုးသားတွေ ဒေါသ ထွက်ရင်တော့ အဲ့ဒါဖြစ်သင့် တယ်လို့ လူတွေရဲ့ ချီးမြှောက်ခြင်းကို ခံရပါ တယ်တဲ့။ ဒီလိုမျိုး ဘက်လိုက်မှု (စံမတူညီမှု) ကို အခု လေ့လာမှု အသစ်တစ်ရပ်က သက်သေပြ နိုင်မယ့် ပုံပါပဲ။

ချီကာဂို၊ အီလီနွိုက် တက္ကသိုလ်နဲ့ အရီဇိုးနား ပြည်နယ် တက္ကသိုလ် မှ သုတေသီ တွေဟာ တက္ကသိုလ် ကျောင်းသား ၂၁၀ ကိုစုပြီး ဒေါသ ထွက်တဲ့ ယောကျာ်းတွေနဲ့ ဒေါသထွက်တဲ့ မိန်းမတွေ အပေါ် ဘယ်လို တုံ့ပြန်တယ် ဆိုတာ လေ့လာဖို့ အတွက် လေ့လာမှု တစ်ခုပြုခဲ့ ကြပါတယ်။ သူတို့ ရှာတွေခဲ့တာ ကတော့ သိပ်ကို စိတ်ရှုပ်ဖွယ် ကောင်းပါတယ်။

တက္ကသိုလ် ကျောင်းသား တွေကို ခြောက်ယောက် တစ်ဖွဲ့ ဖွဲ့ပြီး တစ်စုချင်းစီ ကို ကြားနာခိုင်းကာ Instant Messenger ကနေ တဆင့် ပြောခိုင်း ခဲ့ပါတယ်။ Chat room ဖွဲ့ကာ ပြောဆို ကြပြီးတဲ့ နောက် သူတို့ ဘယ်လောက် စိတ်ပြင်းပြတယ်၊ ဒေါသ ထွက်တယ်၊ ယုံကြည် ထိုက်တယ်၊ လွှမ်းမိုးမှု ဖြစ်တယ်၊ နှစ်သက်တယ်၊ ဗဟုသုတနဲ့ ပြည့်စုံတယ်၊ စွဲဆောင်နိုင်တယ်၊ ယုတ္တိ ဆန်တယ် ဆိုတာတွေကို အုပ်စုဝင်တွေ ဆီကနေ စစ်တမ်း ကောက်ချက်တွေ ရရှိခဲ့ ပါတယ်။

ရလဒ်ကို စစ်ဆေးပြီးတဲ့ နောက်မှာတော့ အတိုက်အခံ ငြင်းရတဲ့ အဖွဲ့ဝင်ဟာ မိန်းမဖြစ်နေပြီး တခြား သူတွေကို သူ့ဘက် ပါလာအောင် ဒေါသ ထွက်ပြရတဲ့ အခါမှာ သူ့ကို ထောက်ခံမဲ့ သူတွေ ဆုံးရှုံးခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ်သူက သူ့ရဲ့ အတွေး အမြင်တွေကို အပူတပြင်း ပြောပြ ခဲ့တဲ့ အခါ ကျန်အဖွဲ့ဝင်တွေက သူတို့ ဆုံးဖြတ်ရမယ့် အချက်တွေပေါ်မှာ ယုံကြည်မှု ပိုရှိနေ ကြပါတယ်။ ဆိုလိုတာက တဖက်ငြင်းတဲ့ သူက အမျိုးသမီး ဖြစ်တဲ့ အတွက် သိပ် ဂရုမစိုက် ကြတာပါ။

ဒေါသထွက် ငြင်းတဲ့ သူက ယောကျာ်း ဖြစ်နေတဲ့ အခါမှာတော့ သူ့ရဲ့ ဒေါသကို လက်နက် တစ်ခုလို အသုံး ချနိုင်ကာ အုပ်စု ဝင်တွေရဲ့ အထောက် အပံ့ရခဲ့ ပါတယ်။ အဖွဲ့ဝင်တွေက သူတို့ရဲ့ ကနဦး အတွေး အမြင်တွေ အပေါ်မှာတောင် သိသိသာသာ သံသယ ဝင်ခဲ့ကြ ပါသေးတယ်။

လူမှုရေး အရ လွှမ်းမိုးမှု ပိုင်းမှာ ဘယ်စိတ် ခံစားချက်ကို ထုတ်ပြ တာလဲနဲ့ ဘယ်သူကလဲ ဆိုတာကြား အရေးကြီး လာပါတယ်။ ဒေါသက ယောကျာ်းတွေ အတွက်တော့ လွှမ်းမိုးမှု ဖြစ်ပေါ် လာစေပေမဲ့ အမျိုးသမီးတွေ အတွက်တော့ လွှမ်းမိုးနိုင် စွမ်းအား ကျဆင်း လာတယ်လို့ သုသေသီတွေက ပြောခဲ့ ပါတယ်။

Ref:Dailymail

Original link - http://health.thithtoolwin.com/2015/10/blog-post_21.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment