ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

တူနာငါးက ရင်သားကင်ဆာကို တားဆီးပေးနိုင်




ငါးစားတာဟာ အမျိုးသမီး တွေမှာ ဖြစ်တဲ့ ရင်သား ကင်ဆာကို တားဆီး ပေးနိုင်မှုနှုန်း များတယ်လို့ အမေရိကန် သုတေသန တစ်ရပ် အရ သိရ ပါတယ်။

ရင်သား ကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီး ဦးရေ ၁၄၀၀ ကို စစ်တမ်း ကောက်ယူချက် အရ၊ ငါးအစား များတဲ့ သူတွေဟာ အရွယ် မရောက်ခင် သေဆုံးနိုင်မှု နှုန်း သုံးပုံ တစ်ပုံ နည်းကြောင်း သုတေသီ တွေက ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ဒီရင်သားကင်ဆာ ရောဂါရှင် တွေကို ပျှမ်းမျှ နှစ်ပေါင်း ၁၄.၇နှစ် ကြာ ရောဂါ စစ်ဆေး၊ စောင့်ကြည့် ပြီးတဲ့နောက် ၃ လကြာ အင်တာဗျူး လုပ်ခဲ့ပါတယ်။

တူနာငါး အစိမ်း အစား အများဆုံး အမျိုးသမီး တွေဟာ မစားသူတွေနဲ့ ယှဉ်ရင် သေဆုံးနိုင်မှု အန္တရာယ် ၂၉ ရာခိုင်နှုန်း နည်းကြောင်း အဖြေ ထွက်ရှိ လာပါတယ်။

ငါးကို ချက်ပြုတ်ပြီး စားတဲ့ သူတွေမှာတော့ ၂၅ ရာခိုင်နှုန်း အန္တရာယ် လျော့နည်း ပါတယ်။ ဒီရလဒ်တွေကို Cancer ဂျာနယ်မှာ ဖတ်ရှုနိုင် ပါတယ်။

ဒါဟာ ငါးထဲမှာ ပါတဲ့ ကာဗွန်အက်တမ် တွေကြား နှစ်ဆ၊ သုံးဆ စည်းနှောင်မှု ပါရှိတဲ့ polyunsaturated fatty acid မှာ ရောင်ယမ်းမှု တိုက်ဖျက်တဲ့ အာနိသင်တွေ ရှိပြီး ကင်ဆာဆဲလ် ကြီးထွား မှုကို တိုက်ဖျက် ပေးနိုင်တဲ့ အာနိသင် ရှိတယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_39.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment