ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

အောက်ခံဘောင်းဘီတို ပွပွဝတ်ခြင်းနဲ့ အ၀တ်ဗလာ အိပ်ခြင်းက ယောင်္ကျားတွေ အတွက် မျိုးအောင်နိုင်ခြေ ပိုများ




အမျိုးသားတွေ အနေနဲ့ ကလေး လိုချင်တယ် ဆိုရင် အတွင်းခံ ဘောင်းဘီ အပြတ် အစား ဘောက်ဆာ အတွင်းခံ ဘောင်းဘီတိုကို ၀တ်ဆင် သင့်ကြောင်း သုတေသီ တွေက အကြံပေး ပြောကြား လိုက်ပါတယ်။

အ၀တ်ဗလာနဲ့ အိပ်စက် ပေးရင်လည်း သုတ်ကောင် အရည်အသွေး ပိုမို ကောင်းမွန် တယ်လို့ ဆိုပါတယ်။

အဆိုပါ နှစ်ချက် စလုံးကို ကျင့်သုံးတဲ့ အမျိုးသား တွေဟာ အတွင်းခံ ဘောင်းဘီပြတ် ၀တ်ဆင် သူတွေထက် သုတ်ကောင် ပျက်စီးမှု ၂၅ ရာခိုင်နှုန်း ပိုနည်းကြောင်း စမ်းသပ်မှု ရလဒ်တွေ အရ သိရှိရ ပါတယ်။

ဝှေးစေ့ကို အေးနေအောင် ထားလေ သုတ်ကောင် အရည်အသွေး ကောင်းမွန်လေ ဖြစ်ကြောင်း ကျွမ်းကျင် သူတွေရဲ့ အရင်က လေ့လာ ထားချက်တွေ အရ သိရှိပြီး ဖြစ်ပါတယ်။

ယခု အခါ ကယ်လီဖိုးနီးယား၊ စတန်းဖို့ဒ် တက္ကသိုလ်က လေ့လာခဲ့တဲ့ တွေ့ရှိချက်တွေက အမျိုးသားတွေ အနေနဲ့ ပိုမို ချောင်ပြီး ပွပွရွရွရှိတဲ့ အတွင်းခံ ဘောင်းဘီ တွေကို ပြောင်းလဲ ၀တ်ဆင်ဖို့ တွန်းအား ဖြစ်စေမှာ ဖြစ်ပါတယ်။

အတွင်းခံ ဘောင်းဘီတို ချောင်ချောင်ကို နေ့ဘက်မှာ ၀တ်ဆင်သူတွေနဲ့ ညဘက်မှာ ဘာမှ မ၀တ်ဆင်ပဲ အိပ်တတ် သူတွေဟာ သုတ်ကောင် DNA အရည် အသွေးကို တိုးတက် စေပြီး ကလေး ရနိုင်မှု ပိုများကြောင်း ရှက်ဖီးဒ် တက္ကသိုလ်က ပရော်ဖက်ဆာ Allan Pacey က ရှင်းပြ ခဲ့ပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/10/blog-post_58.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment