ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

ကလေးငယ်များ အကြားမှာ ပိုးမွှား ကူးစက်ပြန့်ပွားမှု နှုန်း သိသိသာသာ မြင့်တက်လာ




ဆေးရုံတွေမှာ တွေ့ရှိရတဲ့ Carpenter-resistant Enterobacteriaceae, သို့ CRE ခေါ် အဏုဇီဝ ပိုးသတ်ဆေး အများစုကို ခံနိုင်ရည် ရှိနေတဲ့ ဘက်တီးရီးယားတွေ ကလေးငယ် များမှာ ကူးစက် ပြန့်ပွားမှုနှုန်း မြင့်တက်လျက် ရှိတာကို လေ့လာတွေ့ရှိချက် အသစ်အရ သိရှိရ ပါတယ်။

CRE ကူးစက်ပြန့်နှံ့မှုဟာ ဆေးရုံတွေမှာ ရှိတဲ့ လူနာတွေ အပေါ် ကူးစက်နေပြီး ဆေးရုံ အသုံးအဆောင်များ၊ အထူးသဖြင့် လေ၀င်လေထွက် ကောင်းမွန်စေသည့် ကရိယာများ၊ ဆီးပိုက်များ သို့ အကြောဆေး သွင်းပိုက်များကို ပုံမှန် ဂရုစိုက် သန့်ရှင်းစေဖို့ လိုအပ်ပါတယ်။

Centers for Disease Control and Prevention ရဲ့အဆိုအရ လူနာတွေရဲ့ ထက်ဝက်ခန့်ဟာ CRE ကူးစက် ခံရမှုကြောင့် သေဆုံးနေ ရကြောင်း သိရှိ ရပါတယ်။

ကလေးငယ်တွေမှာ ဒီလိုကူးစက် ခံရမှုနှုန်းများ မြင့်မား လာချိန်မှာ ဖျားနာမှုများ အများအပြား တွေ့ရလေ့ရှိတဲ့ နေ့ကလေးထိန်း ကျောင်းများကို လေ့လာမှုများ မရှိသေးပါဘူး။ ပြီးတော့ ဒီသဘောက ဘက်တီးရီးယား ပိုးမွှားတွေရဲ့ ခံနိုင်ရည်ဟာ နေရာ ဒေသပေါ် မူတည်ပြီး ကွဲပြားမှု ရှိနိုင်တဲ့ သဘော ဖြစ်ပါတယ်။

Rush University Medical Center မှ တွဲဖက် ပါမောက္ခ ဒေါက်တာ Latania Logan က” ဒီကွဲပြားချက်က လူနာတွေကို ဘယ်လို ပြုစု ကုသရမယ်၊ ကူးစက်မှုတွေကို ဘယ်လို ကာကွယ် ရမယ်ဆိုတာတွေ အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ကျွန်တော်တို့က ဒီကွာခြားချက်တွေကို ရှာဖွေနေကြ ပါတယ်။ ဒါမှ ကာကွယ်ရေး အတွက် အကောင်းဆုံး နည်းလမ်းတွေကို ရှာတွေ့နိုင်မှာပါ” လို့ ဆိုပါတယ်။

“တစ်နိုင်ငံလုံး အတိုင်းအတာ အရတော့ ကလေးငယ်တွေ အပေါ် CRE ကူးစက်မှု နဲ့ပတ်သက်ပြီး လေ့လာ ထားတာ မရှိသေးလို့ ကလေးငယ်တွေ အပေါ် CRE ကူးစက် ပြန့်ပွားတဲ့ တကယ့် ပြဿနာတွေ ရှိမရှိ သေချာ မသိရသေးပါဘူး” လို့ Logan ကဆိုပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/10/blog-post_66.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment