ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

အမျိုးသမီး ထုရဲ့ ၃ ပုံ ၁ ပုံဟာ ညစ်ညမ်း ရုပ်ရှင်တွေကို ပုံမှန် အားဖြင့် ကြည့်ရှုလေ့ရှိ




အမျိုးသမီး ထုရဲ့ ၃ ပုံ ၁ ပုံဟာ ညစ်ညမ်း ရုပ်ရှင် တွေကို ပုံမှန် အားဖြင့် ကြည့်ရှုလေ့ ရှိတယ်လို့ စစ်တမ်း ကောက်ယူမှု တစ်ခုက ဖော်ပြ လိုက်ပါတယ်။

စစ်တမ်း ကောက်ယူမှု အရတော့ အမျိုးသမီး တွေဟာ အဲဒီလို ညစ်ညမ်း ရုပ်ရှင် ပုံမှန်ကြည့်ရှု ဖို့အတွက် ဘယ်သူ ကမှ အတင်းအကျပ် စေခိုင်းခြင်း မရှိပဲ သူတို့ သဘောနဲ့ သူတို့ ကြည့်နေ ကြတာ ဖြစ်ပါတယ်။

ထို ၃ ပုံ ၁ ပုံ သော အမျိုးသမီး ထုရဲ့ ၃ ပုံ ၂ ပုံကတော့ ထိုရုပ်ရှင် တွေကို သူတို့ရဲ့ စမတ်ဖုန်းတွေက တစ်ဆင့် ကြည့်ရှု ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလိုကြည့်ရှု ခြင်းဟာ သူတို့ကို လျင်မြန်စွာ အထွတ် အထိပ် ရောက်စေနိုင် လို့ပါ။

ဒီ စစ်တမ်း ကောက်ယူမှု တစ်ကမ္ဘာ လုံးက အမျိုးသမီး အားလုံးကို မေးမြန်း ထားတာတော့ မဟုတ်ပါဘူး။ အမျိုးသမီး အယောက် ၃၀၀၀ ခန့်ကို ပဲ စစ်တမ်း ကောက်ယူ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခါမှာတော့ ထို အမျိုးသမီး အယောက် ၃၀၀၀ ရဲ့ ၈၃ ရာခိုင်နှုန်းဟာ Straight တွေ ဖြစ်ကြ ပါတယ်။ ဆိုလို ချင်တာက သူတို့ဟာ ဆန့်ကျင်ဘက် လိင်နဲ့ အချစ်ရေး တွေ ရှိကြပြီး အဲဒီ ၈၃ ရာခိုင်နှုန်း သော အမျိုးသမီးတွေ ထဲကမှ ၃၁ ရာခိုင်နှုန်းက သူတို့ဟာ တစ်ပတ် တစ်ခါတော့ ညစ်ညမ်း ရုပ်ရှင်တွေ ကြည့်ဖြစ် တယ်လို့ ဆိုထားပါတယ်။

၃၀ ရာခိုင် နှုန်းကတော့ တစ်လ မှာ အကြိမ်ရေ အနည်းငယ်သာ ကြည့်ရှု ဖြစ်တယ်လို့ ၀န်ခံ ထားပါတယ်။

ဒါကြောင့် အမျိုးသမီးတွေ ကြည့်ချင်စိတ် ရှိတဲ့ ညစ်ညမ်း ရုပ်ရှင် အမျိုးအစား တွေကို စစ်တမ်း ကောက်ယူကြည့်တဲ့ အခါမှာတော့ ၆၃ ရာခိုင်နှုန်း ဆန့်ကျင် ဘက်လိင်နဲ့ ဆက်ဆံတဲ့ ညစ်ညမ်း ရုပ်ရှင် အမျိုးအစားကို စိတ်ဝင် စားကြပြီး ၄၄ ရာခိုင်နှုန်းကတော့ အမျိုးသမီးချင်း လိင်တူ ဆက်ဆံတဲ့ ဗီဒီယို တွေကို ရှာဖွေလေ့ ရှိပါတယ်တဲ့။

ထို အမျိုးသမီး တွေရဲ့ ၉၀ ရာခိုင်နှုန်း ကတော့ ထို ညစ်ညမ်း ရုပ်ရှင်တွေကို အွန်လိုင်းမှာပဲ ကြည့်ရှုကြပြီး ၇၃ ရာခိုင်နှုန်းကတော့ ရွေးချယ်ပြီးမှာ ကြည့်ရှုလေ့ ရှိတယ်လို့ ဆိုကြပါတယ်။

ရုပ်သံ အစီအစဉ် တင်ဆက်သူဟောင်း တစ်ယောက်ဖြစ်ပြီး ဓါတ်ပုံ ဆရာမ တစ်ယောက် အဖြစ်နဲ့လည်း ရပ်တည်နေတဲ့ Amanda de Cadenet ဆိုသူ အမျိုးသမီးက ထို အမျိုးသမီးတွေ ညစ်ညမ်း ရုပ်ရှင်ကြည့်တဲ့ ကိစ္စ ကို စစ်တမ်းကောက်ယူ ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Marie Claire မဂ္ဂဇင်း အတွက် အမျိုးသမီးတွေရဲ့ အချစ်ရေးမှာ ညစ်ညမ်း ရုပ်ရှင်တွေ ဘယ်လောက်ထိ ပါဝင် ပတ်သက်နေ သလဲဆိုတဲ့ အကြောင်းအရာကို ချပြ ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/10/blog-post_23.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment