ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 28, 2015

ဆေးဘက်ဝင်ရေနွေးကြမ်း သောက်ခြင်းက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိုပေးနိုင်




ကာမိုမိုင် (Camomile) ရေနွေးကြမ်းကို တစ်နေ့ သုံးခွက် သောက်ပေးခြင်းဟာ သွေးချိုရှိတဲ့ သူတွေရဲ့ သကြားဓာတ်ကို ထိန်းညှိုပေးနိုင် တယ်လို့ လေ့လာမှုသစ် တစ်ရပ်အရ သိရပါတယ်။

သုတေသီတွေဟာ သွေးချိုရောဂါရှိသူ ၆၄ယောက်ကို ခွဲပြီး အစာစားပြီးတိုင်း ကာမိုမိုင် ရေနွေးကြမ်း ဒါမှမဟုတ် ရေကို တိုက်ပြီး နှစ်လတာ စမ်းစစ်ခဲ့တာပါ။

ပါဝင်သူတွေရဲ့ သွေးကိုလည်း ပုံမှန် စစ်ဆေးခဲ့ ပြီး ရလဒ်ကို Nutrition ဂျာနယ်မှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ ကာမိုမိုင် ရေနွေးကြမ်းကို ပုံမှန်သောက် သူတွေဟာ ရေသောက် သူတွေထက် သွေးတွင်း သကြားဓာတ် ပိုလျော့ကျပြီး ဓာတ်တိုး ဆန့်ကျင် ပမာဏ ပိုမြင့်လာ တာကို တွေ့ရပါတယ်။

သွေးချိုရောဂါကို အဓိကဖြစ်ပေါ်စေတဲ့ အင်န်ဇိုင်းကို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့ ကာမိုမိုင်က သက်ရောက်မှု ရှိတယ်လို့ အီရန်က Tabriz ဆေးသိပ္ပံတက္ကသိုလ် သုတေသီတွေက အကြံပြုခဲ့ပါတယ်။

Ref:Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_36.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment