ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 28, 2015

အဝလွန်ကလေးများ မဖြစ်စေရန် ကျောင်းသွားရင် ၁ မိုင်လမ်းလျှောက်သင့်




အဝလွန်ကလေးများ မဖြစ်စေရန် မူလတန်းကျောင်းသားတွေဟာ နေ့စဉ် ကျောင်းသွားရင် တစ်မိုင် လမ်းလျှောက်ပေးသင့်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ တော်ဝင်အဖွဲ့အစည်း အမှုဆောင်အရာရှိချုပ် Shirely Cramer ကနေ ယခုလို သတိပေးခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံအတွင်း ကလေးတိုင်းဟာ တစ်နေ့ကို ၁၅မိနစ်မှ လမ်းမလျှောက်၊ မပြေးရင် အဝလွန်ရောဂါ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ရိုးရိုးရှင်းရှင်း၊ အကုန်အကျသက်သာတဲ့ လုပ်ဆောင်ချက်ကတော့ လမ်းလျှောက်၊ ပြေးတာပဲဖြစ်တယ်လို့ မစ္စစ် Cramer ကပြောပါတယ်။ အဝလွန်တဲ့ ကလေးတွေခေတ်ကို ရောက်ရှိနေပြီး အရေးပေါ်အခြေအနေ တစ်ရပ်အနေနဲ့ အာရုံစိုက်လုပ်ကိုင်ရမယ်လို့လည်း ဆိုပါတယ်။

“ဒါမျိုး ကျောင်းတိုင်းကို လုပ်စေချင်တယ်။ ကလေးတွေ ပိုပျော်လာလိမ့်မယ်။ သင်ယူလေ့လာမှုအားကောင်း လာပြီး ယုံကြည်ချက်တွေလဲပိုရှိလာမယ်။ ဒါ မျှမျှတတဖြစ်တဲ့ ဖြေရှင်းချက်ပဲ။ ၅ယောက်မှာ ၁ယောက်နှုန်းနဲ့ ဝလာနေကြတာ တကယ့်ပြဿနာပဲ။ နှလုံးသွေးကြောပိတ်တာ၊ ဆီးချိုဖြစ်တာ၊ အရေပြားပြဿနာ စတဲ့ ကျန်းမာရေး အန္တရာယ်တွေ ရှိတယ်။” လို့ သူကပြောပါတယ်။

အဝလွန်မှုကိုဖြစ်စေတဲ့ သကြားနဲ့ပတ်သက်လို့လည်း သူက လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ သကြားသုံးစွဲမှုအတွက် သကြားခွန် ကောက်ဖို့ အစိုးရကို တင်ပြထားတာတွေလဲ ရှိပါတယ်။

Ref: Dailymail

Original link - http://health.thithtoolwin.com/2015/10/blog-post_59.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment