သစ်သီးဝလံ တွေနဲ့ ဟင်းသီး ဟင်းရွက်တွေ ထဲမှာ ခရမ်းချဉ်သီးက စူပါစတား စာရင်းဝင်နေ ပါသတဲ့။
သူ့မှာပါ ဝင်တဲ့ လိုင်ကိုပင်း Lycopene ဓာတ်က ကင်ဆာ တိုက်ရာမှာ အတော် အစွမ်းထက်တဲ့ တိုက်ခိုက်ရေး သမားလို့ ပြောကြ ပါတယ်။
ချက်ထားတဲ့ ခရမ်းချဉ်သီးက အာဟာရဓာတ် ပိုများတယ်လို့ ဆိုပြီး ခေါက်ဆွဲတွေ၊ စွပ်ပြုတ်တွေ၊ အသုပ်တွေမှာ သုံးကြပါတယ်။
ခရမ်းချဉ်သီးက ပန်းသီးလိုဘဲ ရင်ကျပ် ပန်းနာနဲ့ နာတာရှည် အဆုတ် ရောဂါတွေ လျော့ပါး စေတယ်လို့ ဆိုပါတယ်။
အဲ့ဒီ အသီး ၂ မျိုးစလုံးမှာ ပါတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း Quercetin ကြောင့်ပါ။ သီတင်း တပတ်မှာ ခရမ်းချဉ်သီး ၅ လုံးလောက်တော့ စားသင့် ကြပါသတဲ့။
The Irrawaddy's Blog by thae thae
Original link - http://blog.irrawaddy.org/2015/10/blog-post_27.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment