ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

ဓမ္မတာကာလအတွင်း လန်းဆန်းပြီးကျန်းမာစေဖို့ ဆောင်ရန် ရှောင်ရန်များ


ဓမ္မတာ ကာလအတွင်း ကျန်းမာရေး ညီညွတ်စေဖို့ အခြေခံ အချက်တွေကို လေ့လာ ထားရင် သင် ကိုယ်တိုင်လဲ ကျန်းမာ နေမှာ ဖြစ်သလို သင့် ပတ်ဝန်းကျင်က အမျိုးသမီး တွေကိုလည်း အချက်အလက် အပြည့် အစုံ ပြောပြ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ဓမ္မတာ ကာလ အတွင်းမှာ ကျန်းကျန်း မာမာ ဖြစ်ဖို့ရယ် ပိုးမ၀င်ဖို့ ရယ်ပါပဲ။ အမျိုးသမီး တွေမှာ ပိုးဝင်နိုင်တဲ့ အန္တရာယ် အရှိဆုံးက ဓမ္မတာ ကာလပါပဲ။ အထူးသဖြင့် လိင် ဆက်ဆံမှုက လာတဲ့ ပိုးဝင်မှုပေါ့။ ဓမ္မတာ ကာလ အတွင်းမှာ ခန္ဓာကိုယ် ထဲကနေ သွေးတွေ ထွက်သွားဖို့ အတွက် သားအိမ်ဝမှာ အချွဲတွေ ပိတ်နေ တတ်တာကြောင့် ပိုးဝင်မှု အန္တရာယ် များရ တာပါ။ အဲဒါက ဘက်တီးရီးယား တွေကို သားအိမ်ထဲနဲ့ ညှပ်ရိုး ခေါင်းပေါက်ထဲ ၀င်စေဖို့ လွယ်ကူ သွားစေ ပါတယ်။ ယောနိ pH အပြောင်းအလဲ ကလဲ တစေး ပိုးဝင်ဖို့ကို ပိုဖြစ်နိုင်ချေ ရှိသွား ပါတယ်။ ကျန်းမာတဲ့ ဓမ္မတာ ကာလ ဖြစ်စေဖို့ အန္တရာယ် ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေ၊ အခြေအနေ တွေကို နားလည် ထားဖို့ အမျိုးသမီးတိုင်း အတွက် အရေးကြီး လှပါတယ်။ အကောင်းဆုံး အလေါအကျင့် လုပ်ထား ရမှာတွေကို ဖော်ပြ ပေးပါမယ်။ ပုံမှန် ဆေးကြောပါ။ ခန္ဓာကိုယ် သန့်ရှင်းစေဖို့နဲ့ အနံ့ဆိုး မဖြစ်စေဖို့ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ရေချိုး သန့်စင် ပေးပါ။ ရေမချိုးခင်မှာ လက်ကို စင်ကြယ်အောင် ဆေးပြီး လစဉ်သုံး ပစ္စည်းကို လဲလှယ်ပေးခြင်း (သို့) ယောနိကို သန့်ရှင်းရေး လုပ်ပေးပါ။ စနစ်တကျ ဆေးကြောပါ။ ယောနိက တခြား ခန္ဓာကိုယ် အစိတ်အပိုင်း တွေထက် ထိခိုက် လွယ်တာကြောင့် မတူညီတဲ့ ဆေးကြောမှု ပုံစံ တစ်မျိုး လိုအပ် ပါတယ်။ ယောနိကို အတွင်း ကျကျ အမြဲ ဆေးကြောပါ။ သာမန်ဆပ်ပြာ၊ ရှန်ပူတွေကို အတွင်းပိုင်းတွေ အတွက် အသုံး မပြုပါနဲ့။ သဘာဝ အက်ဆစ်ဓာတ်ကို ဖောက်ပြန် စေနိုင်လို့ပါ။ အထူး ဖော်စပ် ထုတ်လုပ် ထားတဲ့ ဆေးတွေနဲ့ ရေနွေးကို အသုံးပြုပြီး လက်နေ့ဆေးကြော ပေးတာ အကောင်းဆုံးပါ။ အ၀တ်အစား ရွေးချယ်ပါ။ အသက်ရှူရ ကြပ်တဲ့ အထည်သားနဲ့ ကြပ်လွန်းတဲ့ အ၀တ် အစားတွေကို ရှောင်ပါ။ ယောနိကို ဖိလွန်း အားကြီးတဲ့ အ၀တ် အစားတွေက အစိုဓာတ်နဲ့ အပူကို တိုးစေပြီး အရေပြားကို ယားယံ စေတတ် ပါတယ်။ လန်းဆန်း၊ ခြောက်သွေ့ စေဖို့အတွက် ချည်သား အောက်ခံနဲ့ ပွပွ ချောင်ချောင် အင်္ကျီတွေကို ၀တ်ပါ။ လစဉ်သုံး ပစ္စည်းတွေကို မကြာ မကြာ လဲလှယ် ပေးပါ။ လစဉ်သုံး တစ်ခုတည်းကို ဆက်တိုက် အသုံးပြုခြင်းက ပိုးဝင်မှု အန္တရာယ် များပြီး သွေး အဆိပ်သင့် တာဖြစ်တဲ့ toxic shock syndrome ကို ဖြစ်စေနိုင် ပါတယ်။ မှန်ကန်တဲ့ သွေးထိန်း တောင့်ကို သုံးပါ။ စုပ်ယူမှု အားအနည်းဆုံး သွေးထိန်းတောင့်ကိုသာ သုံးပြီး ဓမ္မတာ ကာလက လွဲပြီး ဘယ်တော့မှ မသုံးပါနဲ့။ ရှေ့မှ နောက်သို့ ဆေးကြော ပေးပါ။ နောက်မှ ရှေ့သို့ ဆေးကြောတဲ့ အခါ စအိုကနေ အန္တရာယ်ရှိ ဘက်တီးရီးယားတွေ ထိတွေ့ ၀င်ရောက် လာနိုင်တဲ့ အတွက်ကြောင့် ရှေ့ဘက် ကနေ၊ နောက်ဘက်ကို သက်သက်စီ ဆေးကြောတာ ကောင်းပါတယ်။ စိတ်ချရတဲ့ လိင်ဆက်ဆံမှု ဖြစ်ပါစေ။ ဓမ္မတာ ကာလ အတွင်း အမျိုးသမီးတွေ ဖြစ်နိုင်တဲ့ နောက်ထပ် အန္တရာယ် တစ်ခုကတော့ သွေးကနေ တဆင့် ကူးဆက်တဲ့ ရောဂါတွေပါပဲ။ ဥပမာ ကာကွယ်မှုမဲ့ လိင်ဆက်ဆံရာ ကနေရတဲ့ HIV ပေါ့။ သုတ်ကနေ (ဒါမှ မဟုတ်) ယောနိ စစ်ထုတ်မှု ကနေ လာတဲ့ အရည်ကြည်တွေ ထက်ကို ကူးစက်နိုင်မှု ပိုများလို့ ဖြစ်ပါတယ်။ သစ်ထူးလွင်(ကျန်းမာရေး) Original link - http://health.thithtoolwin.com/2015/10/blog-post_91.html

No comments:

Post a Comment