ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

အရပ်ရှည်တဲ့ လူတွေ ကြီးထွားမှု ဟော်မုန်းများတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ပိုများ


အရပ်ရှည်တဲ့ လူတွေဟာ ကင်ဆာ ရနိုင်ခြေ ပိုများ တယ်လို့ သုတေသန လေ့လာမှု တစ်ခုက ဖော်ပြ ခဲ့ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွေမှာ သာမန်ထက် အရပ် ၁၀ စင်တီမီတာ (၃.၉လက်မ) ပိုရှည်တိုင်း ကင်ဆာ ဖြစ်နိုင်ခြေဟာ မြင့်တက် လာတယ်လို့ ဆိုပါတယ်။ ဆွီဒင်နိုင်ငံက သုတေသန ပညာရှင် တွေဟာ အရပ်နဲ့ ကင်ဆာကြားက ဆက်စပ်မှုကို မသိရှိ ရသေးပေမယ့် ကြီးထွားမှု ဟော်မုန်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆ ထားကြပါတယ်။ အရပ်ရှည်တဲ့ လူတွေဟာ ဆဲလ်တွေ ပိုမို များပြားပြီး၊ အဆိုပါဆဲလ် တွေဟာ သန္ဓေ ပြောင်းလဲကာ အသားပို ၊ အကျိတ်တွေ ဖြစ်လာနိုင်ကာ ကင်ဆာ ဖြစ်နိုင်ခြေလည်း များလာနိုင်တာ ဖြစ်ပါတယ်။ Karolinka ဆေးသိပ္ပံ နဲ့ Stockholm တက္ကသိုလ်က သုတေသန ပညာရှင် တွေဟာ ၁၉၅၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အတွင်း အရပ် ၃ ပေ ၃ လက်မကနေ ၇ ပေ ၄ လက်မ အမြင့် ရှိတဲ့ လူပေါင်း ၅.၅သန်း ကို လေ့လာ ခဲ့တာ ဖြစ်ပါတယ်။ ယခု လေ့လာမှုဟာ အရပ် အမြင့်နဲ့ ကင်ဆာ တို့ အကြား ဆက်စပ်မှုကို လေ့လာတဲ့ အကြီးမားဆုံး လေ့လာမှု တစ်ခုလည်း ဖြစ်ပါတယ်။ သာမန် အရပ်ထက် ၁၀ စင်တီမီတာ မြင့်တိုင်း ကင်ဆာ ဖြစ်နိုင်ခြေဟာ အမျိုးသမီး တွေမှာ ၁၈ ရာခိုင်နှုန်းမြင့်တက်မှု ရှိပြီး အမျိုးသားတွေမှာ ၁၁ ရာခိုင်နှုန်းမြင့်တက် နေတာကို ပညာရှင် တွေဟာ တွေ့ရှိခဲ့ ရပါတယ်။ အရပ်ရှည်တဲ့ အမျိုးသမီး တွေဟာ သာမန် အရပ်ထက် ၁၀ စင်တီမီတာ ပိုရှည်တိုင်း ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများပြီး အရေပြား ကင်ဆာဖြစ်နိုင်ခြေဟာ အမျိုးသားကော အမျိုးသမီး မှာပါ ၁၀ စင်တီမီတာကို ၃၀ ရာခိုင်နှုန်း မြင့်တက် သွားတာကို တွေ့ရှိခဲ့ ရပါတယ်။ အရပ်ကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ချနိုင် တာမျိုး မရှိပေမယ့် ကင်ဆာကို ကာကွယ်ဖို့ အတွက် အရပ်ရှည် သူတွေအနေနဲ့ ဆေးလိပ်ဖြတ်ခြင်း၊ အရက် လျော့သောက်ခြင်း၊ ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းနဲ့  ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း စတာတွေ လုပ်ပေး သင့်ကြောင်း ကျွမ်းကျင် သူတွေက အသိပေး ပြောကြား ခဲ့ပါတယ်။ သစ်ထူးလွင်(ကျန်းမာရေး) Original link - http://health.thithtoolwin.com/2015/10/blog-post_50.html

No comments:

Post a Comment