ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

လေဆိပ်အနီးမှာ နေထိုင်သူတွေဟာ နှလုံးရောဂါနဲ့ ပန်းနာရင်ကျပ်တို့ ဖြစ်ဖို့ အခွင့်အလမ်း များ




လေဆိပ်တစ်ခုရဲ့ ၆ မိုင် ပတ်ဝန်းကျင်မှာ နေထိုင် သူတွေဟာ နှလုံးရောဂါနဲ့ ပန်းနာ ရင်ကျပ် ရောဂါ တို့ ဖြစ်လာဖို့ အခွင့်အရေး များစေတယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။

သုတေသီတွေ ကတော့ လေယာဉ်တွေ စက်နှိုးတဲ့ အချိန်နဲ့ ပြေးလမ်းပေါ် မောင်းနှင်နေတဲ့ အချိန်တို့မှာ ပမာဏ များစွာ ထုတ်လုပ် လိုက်တဲ့ ကာဘွန်မိုနောက်ဆိုဒ် (CO) ဆိုတဲ့ လေထု ညစ်ညမ်း ပစ္စည်းတွေကို ပဲ အပြစ်တင် လိုက်ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ တာ တစ်ခုကတော့ ဆေးရုံတွေမှာ ရင်ကျပ်ပန်းနာ နဲ့ အခြား အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်းတွေဟာ လေဆိပ်တစ်ခုနဲ့ ၆ မိုင် အတွင်းမှာ နေထိုင် သူတွေမှာ ၁၇ ရာခိုင်နှုန်း ပိုများ တယ်ဆိုတာပါပဲ။ နှလုံးရောဂါ အတွက်ဆိုရင်တော့ ၉ ရာခိုင်နှုန်း ပိုများနေ ပါတယ်။

ကိုလံဘီယာ တက္ကသိုလ် နဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ် တို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းဆရာ တွေဟာ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ အကြီးမားဆုံး လေဆိပ် ၁၂ ခုနဲ့ နီးကပ်နေတဲ့ ဧရိယာတွေ ရဲ့ နေ့စဉ်လေထုညစ်ညမ်းမှု နဲ့ ကျန်းမာရေးအခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ လေတိုက်ခတ်တဲ့ လမ်းကြောင်းအရ လေဆိပ်နဲ့ ၆ မိုင်ခန့်အကွာအဝေးအတွင်းမှာရှိတဲ့ ဧရိယာတွေဟာ လေထုညစ်ညမ်းမှု မြင့်မားတာကြောင့် နှလုံး ၊ ရင်ကြပ်ပန်းနာ နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ကြုံတွေ့နေရတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

အမှန်တစ်ကယ်တော့ လေဆိပ်နဲ့ နီးကပ်တဲ့နေရာတွေဟာ အခြားကယ်လီဖိုးနီးယား မြို့တွင်းနေရာတွေထက် ပျမ်းမျှအားဖြင့် ပိုမို မြို့ပြဆန်ပြီး ၊ ပိုမိုလူဦးရေထူထပ်ကာ အိမ်ဈေးနှုန်းတွေဟာလည်း ပိုမိုမြင့်မားလေ့ရှိပါတယ်။

ကာဗွန်မိုနောက်ဆိုဒ် ဆိုတာဟာ လေယာဉ်အင်ဂျင်ဟာ လေယာဉ်ကို အလွတ်တန်း စက်နှိုးထားသလို အရှိန်နည်းနည်းလေးနဲ့ မောင်းနှင်နေတဲ့အခါမှာ ထုတ်လုပ် ထွက်ပေါ် လာနိုင်တာပဲဖြစ်ပါတယ်။

ထိုလေ့လာမှုက ထပ်မံ ပြသခဲ့တာကတော့ LA လေဆိပ်(LAX) ဟာ ကယ်လီဖိုးနီးယားမှာတော့ ကာဗွန်မွန်နောက်ဆိုဒ် အများဆုံး ထုတ်လုပ်တဲ့နေရာပဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/10/blog-post_84.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment