ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

အမျိုးသားများ လိင်ဆက်ဆံရေး စွမ်းရည် ကျဆင်းခြင်း၏ နောက်ကွယ်




အမျိုးသားများ လိင်ဆက်ဆံမှု စွမ်းရည် ကျဆင်းစေတဲ့ အကြောင်းအရာ များစွာရှိသည်။

အမျိုးသားတွေ အသက်ကြီး လာရင် တက်ကြွပြီး ကျေနပ်စရာ ကောင်းတဲ့ လိင်မှုကိစ္စ အပေါ် စိတ်ဆန္ဒ ပြင်းပြမှုတွေ လျော့ကျ သွားတတ် တယ်လို့ အများက သိထား ကြပါတယ်။ ဒါပေမယ့် အဲဒါ မမှန်ပါဘူး။ အသက် အရွယ်က လိင်ကိစ္စမှာ သာယာမှု မရရှိ စေနိုင် တဲ့ အကြောင်းရင်း တွေထဲက တချက်ပဲ ရှိပါ သေးတယ်။ အမျိုးသားတွေ ပျော်ရွှင် ကျေနပ်စရာ လိင် ဆက်ဆံမှု ကင်းမဲ့ သွားစေတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။

သာယာ ကျေနပ်မှု မရရှိခြင်းရဲ့ နောက်ကွယ်က အကြောင်းတွေ အနက် တချို့ကို ဖော်ပြပေး လိုက်ပါတယ်။

လိင်စိတ်ဆန္ဒ နည်းပါးခြင်း

လိင်စိတ်ဆန္ဒ ပျောက်ဆုံး သွားတာက အမျိုးသမီး တွေနဲ့ နှိုင်းစာရင် အမျိုးသားတွေက ပိုအဖြစ် နည်းပါတယ်။ ဒါပေမယ့် အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်းနိုင်မှု အခက် အခဲ ရှိတာ (တချို့ကလည်း ပန်းသေ ပန်းညှိုးလို့ ဆိုကြပါတယ်) ကတော့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ပြဿနာ တခုပါ။ လိင်စိတ် ဆန္ဒ ပျောက်ဆုံး သွားတယ် ဆိုတာက အမျိုးသား တယောက် အနေနဲ့ လိင် မှု ကိစ္စ စွမ်းဆောင်ရည် ပျောက်ကွယ် သွားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ စိတ်ဆန္ဒ မရှိတာပဲ ဖြစ်ပါတယ်။

စိတ်ဆန္ဒ နည်း ပါးသွားခြင်း ပျောက်ဆုံး သွားခြင်း တွေက ဇီဝကမ္မဆိုင်ရာ၊ စိတ်ခံစားမှု ဆိုင်ရာ၊ စိတ်ပညာ ဆိုင်ရာ အကြောင်းတွေနဲ့ ဆက် သွယ်နေနိုင် ပါတယ်။

လိင်စိတ်ဆန္ဒကို လျော့နည်းစေတဲ့ ဇီဝကမ္မ ဗေဒဆိုင်ရာ အကြောင်းရင်းတွေ ကတော့ အရက်စွဲခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း၊ အ၀လွန်ခြင်း၊ သွေးအားနည်းခြင်း၊ ကျားဟော်မုန်း (testosterone) ထုတ်လုပ်မှု နည်းခြင်းနဲ့ ဆီးချို ရော ဂါတွေကြောင့် ဖြစ်ပါတယ်။

စိတ်ခံစားမှုဆိုင်ရာနဲ့ စိတ်ပညာဆိုင်ရာ အကြောင်းတွေ ကတော့ စိတ်ကျရောဂါ၊ စိတ်ဖိစီး မှု၊ စိုးရိမ်ပူပန်မှု လွန်ကဲခြင်း၊ အဆင် မပြေခဲ့တဲ့ အတိတ် အကြောင်း အတွေးတွေနဲ့ မိမိနဲ့ မိမိ အဖော်ရဲ့ ဆက်ဆံရေး ကိစ္စ တွေ၊ လိင်ကိစ္စနဲ့ ဆိုင်တဲ့ ပြဿနာ တွေကြောင့် ဖြစ်နိုင်ပါတယ်။

လိင်အင်္ဂါ တောင့်တင်းရန် အခက်အခဲဖြစ်ခြင်း

အမျိုးသား တွေမှာ အသက် အရွယ် ရလာတာနဲ့ အမျှ လိင်အင်္ဂါ တောင့်တင်းနိုင်ဖို့ အခက်အခဲ ရှိလာတာက ဖြစ်ရိုး ဖြစ်စဉ်ပါ။ ဒီလို ဖြစ်လာရင် လိင် ဆက်ဆံဖို့ အတွင် လိင် အင်္ဂါ တောင့်တင်းမှုကို ထိန်းထားနိုင်တဲ့ စွမ်းရည် ကျဆင်း လာပါတယ်။ တောင့် တင်းလာဖို့ အချိန်ယူ ရပါတယ်။ ဆက်ဆံလို့ အထွတ် အထိပ်ကို ရောက်သွား ပြီးရင်လည်း
တောင့်တင်းမှုက မြန်မြန် ဆန်ဆန် လျော့ကျ သွားနိုင် ပါတယ်။ နောက်တခါ ပြန်လည် တောင့်တင်းမှုကို ရဖို့ ပထမ အကြိမ်ထက် အချိန်ပိုယူ ရနိုင်ပါတယ်။ ဒီလို ဖြစ် တာဟာ ဆိုးရွားတဲ့ ပြဿနာ တခု မဟုတ်ပါဘူး။ တကယ်လို့ မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာ ၀န် နဲ့ ပြဆွေးနွေး သင့်ပါတယ်။

စိတ်ခံစားမှု ဆိုင်ရာ ပြဿနာများ

မိမိရဲ့ အဖော်နဲ့ ဆက်ဆံရေးမှာ ဖြစ်စေ မိသားစုမှာ ဖြစ်စေ စိတ်ခံစားမှု မတည်ငြိမ်စေတဲ့ အကြောင်းတခု ရှိနေရင်လည်း ပျော်ရွှင် ကျေနပ်စရာ လိင်မှု ကိစ္စကို ရရှိမှာ မဟုတ်ပါဘူး။

ချစ်သူနဲ့ ဖြစ်စေ အိမ်ထောင်ဘက်နဲ့ ဖြစ်စေ ဆက်ဆံရေး အဆင် မပြေရာ ကနေ စိတ်ဖိစီး မှုတွေ၊ အလိုမကျ မှုတွေကလည်း လိင်မှုကိစ္စ အပေါ်မှာ သက်ရောက် မှုတွေ ဖြစ်စေ ပါတယ်။ မိသား စုပြဿနာတွေ၊ ကိုယ်ချစ်ခင်သူ တယောက် သေဆုံးသွားလို့ ၀မ်းနည်း ရတာတွေ ကလည်း အမျိုးသား တယောက်ရဲ့ လိင် ကိစ္စ အပေါ် အနှောက် အယှက်တွေ ပေးနေ ပါတယ်။

ကိုယ့်စိတ်ခံစားချက် နောက်ကို လိုက်ပြီး မျောပါနေတဲ့ ယောက်ျား တ ယောက်ဟာ လိင်ကိစ္စ အပေါ် စိတ်ဝင်စားမှု လျော့ကျ သွားနိုင် ပါတယ်။

ကျန်းမာရေး မကောင်းမွန်ခြင်းနှင့် နောက်ဆက်တွဲ

တချို့ရောဂါတွေ၊ မသန်စွမ်း မှုတွေ၊ ဖျားနာခြင်းတွေနဲ့ ဆေးဝါးတွေ၊ ခွဲစိတ် ကုသမှု ခံယူတာတွေ ကလည်း အမျိုးသား တ ယောက် ရဲ့ လိင်မှုကိစ္စ စွမ်းဆောင်ရည်နဲ့ စိတ်ဆန္ဒကို ထိခိုက် စေနိုင် ပါတယ်။ ဆီးချိုလို ရောဂါ မျိုးက တချို့ အမျိုးသား တွေကို လိင်အင်္ဂါ တောင့်တင်းနိုင်မှု အခက်အခဲ ဖြစ်စေနိုင် ပါတယ်။

ဆီး မထိန်းနိုင်တဲ့ ရောဂါမျိုး ကလည်း လိင်ဆက် ဆံစဉ် မှာ အနှောင့်အယှက် ပေးနိုင်လို့ လိင်ဆက်ဆံဖို့ မ၀ံ့ရဲရာ ကနေ စိတ်ဆန္ဒ ကုန်ဆုံး သွားနိုင်ပါတယ်။ ဒါပေမယ့် ဆီး မထိန်း နိုင်တာကို လိင် ဆက်ဆံတဲ့ ပုံစံအနေ အထားပြောင်းခြင်း အားဖြင့် ရှောင်လွှဲနိုင်ပါတယ်။ ဆေးဝါးကုသခြင်း ဖြင့်လည်း ဒီရောဂါကို ကုသနိုင် ပါတယ်။

ဧရာဝတီ-သတင်းဋ္ဌာန by Hsu Wai Linn

Original link - http://burma.irrawaddy.org/article/2015/10/03/96069.html

No comments:

Post a Comment