ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

ကြံ့ခိုင်ရေးဘက် လိုက်စားလာသည့် တောင်ကိုရီးယား အမျိုးသမီးများ (ရုပ်သံ)




မျက်နှာတင်မက ကျန်းမာကြံ့ခိုင်ဖို့လည်း လိုတယ်လို့ တောင်ကိုရီးယား အမျိုးသမီးတွေက ခံယူ လာပြီး တဲ့နောက် ကျန်းမာကြံ့ခိုင်မှု ပြိုင်ပွဲတွေမှာ ပိုမို ပါဝင် ဆင်နွှဲလာနေ ကြပါတယ်။

ခန္ဓာကိုယ်က ကြွက်သားတွေ လှပဖို့ အမျိုးသမီး aတွက ကျန်းမာရေး လေ့ကျင်ရုံမှာ သွားလေ့ကျင့်ပြီး ရုပ်ပိုင်းဆိုင်ရာ သန်မာမှု ဟာလည်း အရေးကြီး တယ်ဆိုတာကို ပြသခဲ့ပါတယ်။

အရင်က မိတ်ကပ်တွေလိမ်းခြယ်၊ ပလစ်စတစ်ဆာဂျရီတွေက ခေတ်စားခဲ့ပေမယ့် အခုတော့ အမျိုးသမီး ကြံ့ခိုင်ရေး သင်တန်းတွေက ပိုမို လူကြိုက်များလာပါတယ်။

ဒီနှစ်ပိုင်းတွေမှာ နာမည်ကြီးတွေ အမျိုးသမီးတွေရဲ့ ကျန်းမာသန်စွမ်းတဲ့ ပုံရိပ်တွေက ပိုပြီး လူသိများလာတယ်လို့ ပုံမှန်လေ့ကျင့်နေတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေက ပြောပါတယ်။

ကျန်းမာကြံခိုင်တဲ့ အမျိုးသမီးတွေထဲမှာတော့ ကေပေါ့ အမျိုးသမီးအဖွဲ့တွေ အမေရိကန် သမ္မတ ကတော် မစ်ရှယ်အိုဘားမားတို့ကလည်း လူသိများလာပါတယ်။

တောင်ကိုရီးယားက ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်တဲ့နေရာတွေမှာ စာရင်းပေးသွင်းတဲ့ အမျိုးသမီးတွေဟာလည်း လွန်ခဲ့တဲ့ ၅ နှစ်ကထက်စာရင် ၅ ရာခိုင်နှုန်းတိုးတက်လာပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118285

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment