ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

ဆေးလိပ်အန္တရာယ်များ အကြောင်း ကလေးတွေကို ပြောခြင်းက မိဘတွေ ဆေးလိပ် ဖြတ်နိုင်စေ




မိဘတွေဟာ ဆေးလိပ်ရဲ့အန္တရာယ်တွေ အကြောင်းကို ကလေးတွေနဲ့ ဆွေးနွေးမယ် ဆိုရင် ကိုယ်ကိုယ်တိုင် ဆေးလိပ်ဖြတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ အမေရိကန် သုတေသန တစ်ရပ်က အကြံပြု ပါတယ်။

ဆေးလိပ်ဖြတ်လိုက်သူဟောင်း ၇၀၀နဲ့ သူတို့ရဲ့ ကလေးငယ်တွေကို တစ်နှစ်ကြာ လေ့လာသုံးသပ်ခဲ့ပါတယ်။ သူတို့ထဲက တစ်ဝက်ကျော်ဟာ ဆေးလိပ်၊ ဆေးရွက်ကြီးရဲ့ အန္တရာယ်တွေအကြောင်း သင်ထောက်ကူပြုပစ္စည်းတွေနဲ့တကွ သူတို့ရဲ့ကလေးတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဒီလိုရှင်းပြနေရင်းက ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူ ဖြစ်ခဲ့ကြပါတယ်။ ကျန်မိဘတွေကတော့ ဘာအကူအညီမှ မရခဲ့ပါဘူး။

တစ်နှစ်ကြာတဲ့အခါ ဆေးလိပ်မသောက်ဘဲ နေနိုင်ပြီဆိုပြီး အီးမေလ်ပို့ခဲ့တဲ့ မိဘအရေအတွက် နှစ်ဆ ရှိခဲ့ပါတယ်။

ဒီလို မိဘတွေက ကလေးတွေကိုရှင်းပြခြင်း အားဖြင့် ကိုယ်ကိုယ်တိုင်ဆေးလိပ်ဖြတ်ဖို့ အထောက်အကူရတဲ့ နည်းတူ အဲဒီ့ကလေးတွေဟာ လည်း ဆေးလိပ်မသောက်ဖြစ်တော့ပါဘူး။ အဲဒီ့ရည်ရွယ်ချက်နဲ့ ယခုလေ့လာမှုကို ပြုခဲ့တာဖြစ်ပြီး ဒီလိုရလဒ်မျိုး ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ နောက်ထပ်သုတေသနတွေ လုပ်ဖို့လိုအပ်သေးကြောင်း ဦးဆောင်သုတေသီ Christine Jackson က မှတ်ချက်ပြုပြောခဲ့ပါတယ်။

“ကျွန်တော်တို့ သုတေသနရပ်က အရေးပါပါတယ်။ သက်ကြီးပိုင်းတွေကို ကူညီပေးဖို့ရာ ချဉ်းကပ်မှုသစ်တစ်ရပ်ကို ညွှန်းနေလို့ပါ။ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးတွေရှိတဲ့ မိဘတွေပေါ့။ သူတို့ ဆေးလိပ်ဖြတ်တာ အောင်မြင်ဖို့ရာ ချဉ်းကပ်မှုသစ်တစ်ရပ် အတွက်ပါ။” လို့ Jackson က ပြောပြခဲ့ပါတယ်။

ဒီ အကြံပြုချက်အတိုင်းဆိုရင် သူတို့ကလေးက ဆေးလိပ်သောက်တတ်တယ်ဆိုရင် မိဘလုပ်သူက ဆေးလိပ်ပြတ်တဲ့အချိန်မှာ ကလေးတွေလဲ လိုက်ပြတ်ဖို့ နှစ်ဆပိုသေချာသွားပါလိမ့်မယ် လို့ သူက ထပ်ပြောခဲ့ပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_47.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment