ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ လေ့ကျင့်ခန်းလုပ်သလို အကျိုးကျေးဇူးတွေ ရစေမယ့် ဆေးပြား




ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရ တာဟာ အရမ်းကို ပိုလွယ် လာပါတော့မယ်။

Cell Metabolism ဂျာနယ်မှာ တင်ဆက်ခဲ့တဲ့ သုတေသန တစ်ရပ်အရ သိပ္ပံပညာရှင် တွေဟာ ‘exercise pills’ ခေါ် လေ့ကျင့်ခန်း ဆေးပြားတွေကို ဖော်စပ်နိုင်ဖို့ အတွက် တစ်ဆင့် နီးကပ်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဆစ်ဒနီ တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ လေ့ကျင့်ခန်း လုပ်လေ့ လုပ်ထမရှိတဲ့ ကျန်းမာရေး ကောင်းမွန်သူ အမျိုးသား ၄ ဦးကို ၁၀ မိနစ်စာ ပြင်းထန်တဲ့ လေ့ကျင့်
ခန်းတွေ ပြုလုပ်ခဲ့ပြီး လေ့ကျင့်ခန်း လုပ်စဉ် အတွင်း ခန္ဓာကိုယ်ကဖြစ်ပျက်တဲ့ မော်လီကျူး ဆိုင်ရာပြောင်းလဲမှုတွေ အကြောင်း လေ့လာ ခဲ့ကြပါတယ်။

“ လေ့ကျင့်ခန်း လုပ်တာဟာ လူသားတွေရဲ့ ကြွက်သားတွေ အတွက်မှာ ရှုပ်ထွေးတဲ့ ပြောင်းလဲမှုတွေ အတွဲလိုက် ဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင် တွေက နှစ်ပေါင်းများစွာ ယူဆလာ ခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာ တော့ ကျွန်တော်တို့ ဟာ ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်ပုံ အသေးစိတ်ကို ရှာဖွေ သိရှိနိုင်ခဲ့ပါပြီ” လို့ အဆိုပါ စာတမ်းကို ပူးတွဲပြုစု ခဲ့သူ Dr. Nolan Hoffman က ပြောကြား ခဲ့ပါတယ်။

“ ဒါဟာ အရေးပါတဲ့ အောင်မြင်မှု တစ်ခုပါပဲ။ သိပ္ပံပညာရှင် တွေဟာ လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို ပေးစွမ်းနိုင်တဲ့ အကျိုးပြုပြောင်းလဲ မှုတွေကို တုပနိုင်မယ့် ဆေးသစ် တစ်မျိုးကို ဖော်စပ်ဖို့ အတွက် ဒီအချက် အလက်ကို အသုံး ချနိုင်မှာ ဖြစ်ပါတယ်”

ဆေးဝါး အများစုဟာ မော်လီကျူး တစ်ခုချင်း စီကို ပစ်မှတ်ထား ထိရောက်စေတာ ဖြစ်ပေမယ့် ဒီ လေ့ကျင့်ခန်း ဆေးကတော့ များပြားတဲ့ မော်လီကျူးတွေကို ပစ်မှတ် ထားရမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

ဒါပေမယ့် ဒီဆေးတွေဟာ လေ့ကျင့်ခန်း မလုပ်နိုင်တဲ့ ကိုယ်လက် အင်္ဂါ မသန်စွမ်းချို့ တဲ့ သူတွေ နဲ့ လေဖြတ်နေ သူတွေ မျိုးတွေ အတွက်သာ ပိုမို သင့်တော်ပြီး သာမန် သန်စွမ်းတဲ့ လူတွေ အနေနဲ့ တော့ ဆေးမှီဝဲမယ့် အစား လေ့ကျင့်ခန်း လုပ်တာက ပိုထိရောက်မှု ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်း တွေကို လေ့ကျင့်ခန်း ဆေးနဲ့ အစားထိုးဖို့ တော့ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း လုပ်တာဟာ သင့်ရဲ့နှလုံး ခုန်နှုန်းကို မြန်ဆန် ကောင်းမွန် စေသလို၊ သွေးစီးဆင်းမှု ကိုလည်း မြန်ဆန် စေပါတယ်။

ဒီကျေးဇူးတွေကို လေ့ကျင့်ခန်းဆေးနဲ့ ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ လူတွေ အတွက်တော့၊ ဒီဆေးက တကယ့် အကောင်းဆုံး အရာသစ်တစ်ခု ဖြစ်လာမှာပါ” လို့  ဒုတိယမြောက် စာတမ်း ဖြစ်တဲ့ “တာထွက် မှတ်ပေါ်က လေ့ကျင့်ရေး ဆေးများ” ဆိုတဲ့ ဒုတိယမြောက် စာတမ်းကို ပူးတွဲပြုစုခဲ့သူ ပရော်ဖက်ဆာ Ismail Laher က ရှင်းပြခဲ့ပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_46.html


No comments:

Post a Comment