ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

နေထိုင်မကောင်း မဖြစ်စေဖို့နဲ့ သတိထားစရာ




မိသားစုဝင် တစ်ယောက် ယောက် ဒါမှ မဟုတ် လုပ်ဖော် ကိုင်ဖက် တစ်ယောက် ယောက် နေထိုင် မကောင်း ဖြစ်ပြီ ဆိုရင် လက်ကို သန့်ရှင်းအောင် နေဖို့ အရေးကြီး ပါတယ်။

ကျွန်တော်တို့က နှာချေ၊ ချောင်းဆိုးရင် လက်အုပ်ပြီး ဆိုးရ မယ်လို့ သင်ယူထား သူတွေပါ။ အဲ့ဒါ ပြီးလို့ လက်မဆေးဘူး ဆိုရင်တော့ ဘာမှ မထူးပါဘူး။

တစ်ယောက် ယောက် နေထိုင်မကောင်း ဖြစ်ရင် မျက်နှာပြင် အားလုံးကို ပိုးသတ်ဆေး ဖြန်းပါ။ လူတွေက အိမ်သာ၊ ရေချိုးခန်း တွေကို စင်ကြယ်အောင် ထားဖို့ ဂရုစိုက် ကြပေမဲ့ တံခါး လက်ကိုင်၊ ကီးဘုတ် နဲ့ ဖုန်း စတာတွေကို သန့်ရှင်းရေး လုပ်ဖို့ကို မေ့ နေတတ် ကြပါတယ်။

အဲ့ဒါတွေ ဆီမှာလည်း ရောဂါ ပိုးမွှားတွေ ကပ်ညိ နေနိုင် ပါတယ်။

နေထိုင်မကောင်း မဖြစ်စေဖို့နဲ့ ဖြစ်ရင် ကိုယ့်ကိုကိုယ် စောင့်ရှောက်ဖို့က

၁။ အစားကို အရောင်စုံ နေအောင် စားပေးပါ။ အသီး အရွက်တွေဟာ အရောင်စိုလေ၊ ဗီတာမင်နဲ့ ဓာတ်သတ္တုတွေ ပြည့်ဝ လေပါပဲ။

၂။ အနားယူပါ။ ကိုယ်ဘယ်လောက် အိပ်တယ် ဆိုတဲ့ အပေါ် ကျန်းမားရေးက မူတည် ပါတယ်။ စိတ်ဖိစီးမှု ဘယ်လောက် များတယ်ဆိုတဲ့ အပေါ်မှာလည်း မူတည် ပါတယ်။ ဒါကြောင် အိပ်ရာ မဝင်ခင်မှာ အနားယူတဲ့ အချိန် လုပ်ပေးပါ။

၃။ လေ့ကျင့်ခန်း လုပ်ပါ။ လှုပ်လှုပ် ရှားရှား လုပ်လေ၊ ကျန်းမာလေ ပါပဲ။

၎။ သန့်ရှင်းအောင် နေပါ။ နှာချေရင် လက်ထဲမှာ ထက် တစ်ရှူးထဲမှာ ချေပါ။ ပြီးရင် အမှိုက်ပုံးထဲ ထည့်ပြီး လက်ကို သေချာဆေးပါ။

၅။ ဖျားနေရင် အိမ်မှာနေပါ။ အိမ်မှာ နေပြီး ရောဂါပိုးတွေ ပျံ့မသွားအောင် ဂရုစိုက်ပါ။ နေထိုင် ကောင်းလာဖို့ အတွက်ကို အာရုံစိုက် လုပ်ဆောင်ပါ။ ရေသောက်ပါ၊ ကိုယ်အပူချိန်ကို ထိန်းညှိုပေးပါ၊ ဗီတာမင် စီနဲ့ ဇင့်ဓာတ် ပါတဲ့ အစားအစာတွေ စားပေးပါ။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/10/blog-post_28.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment