ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 30, 2015

သွေးအားနည်းခြင်းကြောင့် သက်ကြီးပိုင်းတွေမှာ စိတ်ဖောက်ပြန်မှုနှုန်းမြင့်




သက်ကြီးပိုင်းတွေမှာ သွေးအားနည်း ရောဂါ ဖြစ်ရင် စိတ် ဖောက်ပြန် လာနိုင်နှုန်းမြင့် တယ်လို့ လေ့လာ သိရှိ ရပါတယ်။ သွေးအားနည်း ရောဂါဟာ သွေးနီဥဆဲလ် ပမာဏ လျော့နည်း တာပါပဲ။

သွေးအားနည်းရောဂါဟာ အသက်၆၅နှစ်နဲ့အထက် သက်ကြီးပိုင်းအရွယ်မှာ အဖြစ်များပြီး ဖြစ်ပွားနိုင်နှုန်း ၂၃ရာခိုင်နှုန်းအထိရှိပါတယ်။ အသက်၇၀မှ၇၉နှစ်ကြားသက်ကြီးပိုင်း ၂၅၅၂ယောက်ကို ၁၁နှစ်ကြာလေ့လာမှု ပြုခဲ့ပါတယ်။

လေ့လာမှုအစပိုင်းမှာ သွေးအားနည်းရောဂါဖြစ်သူ ၃၉၃ ယောက်ရှိခဲ့ပါတယ်။ လေ့လာမှုအဆုံးမှာတော့ စိတ်ဖောက်ပြန်တဲ့ရောဂါ ဖြစ်သူအရေအတွက် ၄၄၅ယောက်ရှိခဲ့ပြီး အဲ့ဒီ့ပမာဏဟာ လေ့လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ၁၈ရာခိုင်နှုန်းပါပဲ။

လေ့လာမှုအစမှာ သွေးအားနည်းရောဂါဖြစ်ခဲ့သူတွေဟာ သွေးအားမနည်းသူတွေထက် စိတ်ဖောက်ပြန်ရောဂါ ဖြစ်လာနိုင်နှုန်း ၄၁ရာခိုင်နှုန်းပိုမြင့်ခဲ့တာ ကိုလေ့ လာတွေ့ရှိခဲ့ပါတယ်။

သွေးအားနည်းရောဂါနဲ့ စိတ်ဖောက်ပြန်ရောဂါ ဘာလို့ဆက်စပ်လဲဆိုတာကို ရှင်းပြဖို့ အချက်တွေအများကြီးရှိပါတယ်။ သွေးအားနည်းရောဂါက အထွေထွေကျန်းမာရေးကို ဆုတ်ယုတ်အောင်လုပ်တယ်လေ။

သွေးထဲမှာ အောက်ဆီဂျင် ပါဝင်နှုန်းကိုလည်း လျော့စေတယ်။ ဦးနှောက်ထဲမှာ အောက်ဆီဂျင်နည်းလာရင် မှတ်ဥာဏ်နဲ့ စဉ်းစားနိုင်စွမ်း ကိုလျှော့ချပြီး အာရုံကြောတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါတွေဟာသွေးအားနည်းရောဂါနဲ့ စိတ်ဖောက်ပြန်ရောဂါ ဆက်စပ်မှု အချို့ပါပဲ။

Ref: Xinhua

Original link - http://health.thithtoolwin.com/2015/10/blog-post_41.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment