ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 21, 2016

နားကြပ်များကို အချိန်ကြာမြင့်စွာ အသုံးပြုပါက နားစည်ကို ထိခိုက်စေနိုင်




ဝါရှင်တန် ၊ ၂၁-၁၂-၂၀၁၆

ငယ်ရွယ်စဉ် ကတည်းက ဖုန်းနားကြပ် များကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းဖြင့် အကြား အာရုံကို ပျက်စီး စေနိုင်ပြီး နားနှင့် ပက်သတ်သည့် ရောဂါများကို ရရှိ စေနိုင်ကြောင်း သုတေသီ တို့မှ ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

ယခုခေတ်တွင် ဖုန်း၊ Laptop ၊ iPad စသည့် လျှပ်စစ်ပစ္စည်း များကို အသုံးပြုမည် ဆိုပါက မိမိ၏ အခန်းဖော်များ၊ ဘေးပတ်ဝန်းကျင် များကို အနှောင့် အယှက် မဖြစ်ပေါ်
စေရန် နားကြပ် များကို သုံးစွဲ လာကြပြီး ယခု အဆိုပါ နားကြပ် များသည် ကြိုးမဲ့ စနစ်များ အထိ နည်းပညာများ တိုးတက် လာခဲ့သည့် အပြင် အဆိုပါ နားကြပ်များသည် အသံ နှုန်းထား ၁၂၀ ဒယ်ဆီဘယ် အထိ ကြာယ်လောင်စွာ ထွက်ရှိနိုင် သဖြင့် အသံနှုန်းထား ၁၂၀ ဒယ်ဆီဘယ် သည် Rock ဂီတဖျော်ဖြေပွဲမှ ထွက်ရှိသော အသံ၊ ညကလပ်တွင် ဖွင့်သော တေးသီချင်းသံနှင့် ရှုပ်ထွေးနေသည့် လမ်းပေါ်မှ ထွက်ပေါ်လာသည့် အသံများနှင့် ထပ်တူကျကာ လူငယ် အများစုသည်လည်း နားကြပ်များဖြင့် အချိန် ကြာမြင့်စွာ တပ်၍ နားထောင်ခြင်းဖြင့် အသက်အရွယ် ကြီးရင့်လာပါက နားစည်ကို ထိခိုက်စေနိုင် သဖြင့် အကြား အာရုံကို ဆုံးရုံးရသည့် အထိ ဆိုးဝါးနိုင်ကြောင်း သိရသည်။

ထို့ကြောင့် နားကြပ်ကို အသုံးပြုမည် ဆိုပါက အသံကို အဆုံးထိ ချဲ့၍ နားဆင်ခြင်းကို ရှောင်ကြဉ်ရန်နှင့် နားကြပ်ဖြင့် တေးသီချင်း များကို နားဆင်မည် ဆိုပါက အနည်းဆုံး ၁ နာရီ အထိသာ တပ်ဆင် နားဆင် သင့်ပြီး အိပ်ပျော် နေစဉ် အတွင်း အသံကို ကျယ်လောင်စွာ အချိန် ကြာမြင့်စွာ နားဆင် မိပြီ ဆိုပါက တစ်ရက် သို့မဟုတ် အချိန်ကြာ
မြင့်စွာ ဆူညံသည့် အသံများကို ရှောင်ကြဉ်၍လည်း နားစည်ကို ပြန်လည်ကုသ နိုင်ကြောင်း အမေရိကန် သုတေသီ တို့မှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/12/blog-post_91.html

No comments:

Post a Comment