
တစ်ခါ တလေမှာ အကြောင်းရင်းသေသေ ချာချာ မသိရဘဲ လည်ပင်း ကြွက်သားတွေ တောင့်တင်းပြီး လည်ပင်း နာကျင်မှုကို အချိန် ကြာကြာ ခံစားနေ ရတတ် ပါတယ်။ ကိုယ်တိုင် မသိလိုက်ဘဲ လည်ပင်း နာကျင်မှုကို ခံစားနေ ရခြင်းက အောက်ပါ အကြောင်းရင်းတွေကြောင့် အဓိကဖြစ် နိုင်ပါတယ်။
၁။ အနေအထိုင်
အလုပ်စားပွဲ၊ ဒါမှမဟုတ် စာကြည့် စားပွဲမှာ အနေအထား မမှန်ဘဲ အချိန် ကြာကြာ ထိုင်မိရာက လည်ပင်း ကြွက်သားတွေ တောင့်တင်း နာကျင်လာ တတ်ပါတယ်။
၂။ ခေါင်းအုံး
ညဘက်အိပ်စက်တဲ့အခါ ခေါင်းအုံးက မာလွန်း၊ ပျော့လွန်းနေရင်လည်း လည်ပင်းနာနိုင်ပါတယ်။
၃။ အရှိန်နဲ့ လှုပ်ရှားမိတာ
အနောက်ဘက်ကနေ အရှေ့ဘက်ကို အရှိန်နဲ့ရွေ့လျားသွားတာ (ဥပမာ-ကားဘရိတ်ဆောင့်အုပ်လိုက်မျိုး)ကြောင့် လည်ပင်းနာတတ်ပါတယ်။
၎။ စိတ်
စိတ်ဖိစီးမှု များလာရင် လည်ပင်းတောင့်တင်းတာဖြစ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားဖူးပါတယ်။
Source : HealthLine
Originally published at - http://www.duwun.com.mm/lifestyle/health






No comments:
Post a Comment