ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, July 10, 2016

သဘာဝနည်း အတိုင်း အသား အရေ လှပအောင် ပြုပြင်နိုင်တဲ့ နည်း




တီဗွီ ကြော်ငြာတွေ ထဲမှာ အသား အရည် အလှကုန် ပစ္စည်းတွေ ကြေငြာကြတဲ့ အခါ အသားအရေ အလွန် လှပတဲ့ မော်ဒယ်တွေ၊ မင်းသမီးတွေနဲ့ ရိုက်ကူး တတ်ကြ ပါတယ်။ ကြော်ငြာထဲ ကလို သရုပ်ဆောင် တွေရဲ့ အသား အရည်မျိုး သင်အနည်းဆုံး တစ်ခါလောက်တော့ လိုချင်ဖူးမှာ ဖြစ်ပါတယ်။

ဒါတွေဟာ ပြင်ဆင်ရိုက်ကူး ထားတယ် ဆိုတာ မမေ့ လိုက်ပါနဲ့။ သင့်ရဲ့အသား အရေက ပြုပြင် ထိန်းသိမ်း လိုက်ရင် ဒီထက်တောင် ပိုကောင်းသွားနိုင်ခွင့် ရှိပါသေးတယ်။ သဘာဝနည်း အတိုင်း အသား အရေ လှပအောင် ပြုပြင်လို့ရတဲ့ နည်းလမ်း (၃) ခု ရှိပါတယ်။

၁။ ခရမ်းချဉ်သီး



လူတစ်ယောက်ရဲ့ အသားအရေကို ပြေပြစ် ချောမွေ့အောင် လုပ်ပေးနိုင်တဲ့ နေရာမှာ ခရမ်းချဉ်သီးကို မှီတဲ့ အရာ မရှိပါဘူး။ နွေရာသီမှာလည်း ခရမ်းချဉ်သီး ဖျော်ရည် မကြာခဏ သောက်ပေး သင့်ပါတယ်။ အိမ်မှာ အားတဲ့ အချိန်တွေ ခရမ်းချဉ်သီးကို ပါးပါး လှီးပြီး မျက်နှာ ပွတ်ပေးလို့ ရပါတယ်။ သင့်ကို ပိုပြီးနုပျိုစေ ပါလိမ့်မယ်။

၂။ နနွင်း



နနွင်း လိမ်းခြင်းဟာ ကျန်းမာရေး ကောင်းကျိုး များစွာရတဲ့ အိန္ဒိယ ရှေးဟောင်း နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ သနပ်ခါး လိမ်းသလိုပဲ နနွင်းကိုလည်း လိမ်းထားလို့ ရပါတယ်။ အသား အရည်ကို ညက်ညောစေတဲ့ နေရာမှာတော့ နနွင်းက ဆရာကြီး ဖြစ်ပါတယ်။

ပျားရည်အနည်းငယ်၊ နနွင်း လဘက်ရည်ဇွန်း တစ်ဇွန်းလောက်ကို ယူပြီး ရေနွေးနွေးလေးနဲ့ ရောဖျော်ကာ မျက်နှာတွေကို လိမ်းလို့ ရပါတယ်။

၃။ သခွားသီး



Spa တွေမှာ အသုံးများတဲ့ နည်းလမ်း တစ်ခုပါ။ သခွားသီးက ဆေးဘက်ဝင် ကောင်းကျိုး ရလွန်းတဲ့ အတွက် အလှကုန် တွေမှာလည်း ထည့်သွင်း အသုံးပြုကြ ပါတယ်။

အထူးသဖြင့် နုပျိုတဲ့ အသား အရေကို ပိုင်ဆိုင်ဖို့ အတွက် သခွါးသီးကို မဖြစ်မနေ သုံးရမှာပါ။ ပါးပါး လှီးကာ မျက်လုံးပေါ် တင်ပြီး အိပ်စက်တဲ့ နည်းလမ်းက အသားအရေ အတွက် ကောင်းကျိုး ပြုပါတယ်။

အိပ်စက်တဲ့အခါ အသားအရေ ဆဲလ်တွေက အသစ်ပြန်ဖြစ် လာတဲ့ အတွက် သခွါးသီး သုံးပြီး အိပ်စက်တဲ့ နည်းလမ်းကို အသုံးပြု ခိုင်းတာ ဖြစ်ပါတယ်။

Source : Life

Originally published at - http://www.duwun.com.mm/lifestyle

No comments:

Post a Comment