ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 21, 2016

အသားစားခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်




ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုင်ရာ လေ့လာ ဆန်းစစ်မှု အသစ်တွေ အရတော့ အမဲသား စားသုံးခြင်းဖြင့် ကိုယ် အလေးချိန် လျှော့ချ နိုင် တယ်လို့ သိရ ပါတယ်။ အသား စားသုံး ခြင်းကြောင့် ကိုယ်အလေးချိန် တိုးစေ သည်ဟု ဘိုးဘေး ဘီဘင် လက်ထက် ကတည်းက လက်ခံထား ခဲ့ကြတာ မှားနေ ပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေး စာရေး ဆရာမ အက်စတာဘမ်း ရေးသားတဲ့ 'ကိုယ် အလေးချိန် အမြန် ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ် မှာတော့ အသားသာ စားသုံး ခဲ့ကြရတဲ့ ကျောက်ခေတ် လူသားတွေမှာ ဝတယ်ဆိုတဲ့ ပြသနာ မရှိခဲ့ဘူးလို့ ရေးသား ထားခဲ့ ပါတယ်။

အဆီမပါတဲ့ လတ်ဆတ်အသား စားသုံးခြင်းဖြင့် ဦးနှောက် အတွင်းမှာ ရှိနေတဲ့ အကျိုးပြု ဓာတ် ပစ္စည်းများ တိုးမြင့်နိုင်သည့် ကောင်းကျိုး ရှိပြီး ဒီဖြစ်စဉ်ကြောင့် ခန္ဓာကိုယ် ကျန်းမာ ကျစ်လျစ် စေမှာ ဖြစ်တယ်လို့ အင်တာဗျူး တစ်ခုမှာ အက်စတာဘမ်းက ရှင်းလင်း ခဲ့တာ ဖြစ်ပါတယ်။

လတ်ဆတ်တဲ့ သစ်သီးဝလံတွေ ၊ ဟင်းသီး ဟင်းရွက်တွေ ၊ ငါးနဲ့ အဆီ ကင်းတဲ့ အသားတွေမှာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏထက် ပိုမိုခြင်း မရှိပါဘူး။ ဒီအစား အစာတွေဟာ ဖန်တီး ပြုလုပ်ထားတဲ့ အစားအစာ တွေထက် ကယ်လိုရီ ပိုမို နည်းပါး တယ်လို့ ''ကိုယ်လေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်မှာ ရေးသား ထားခဲ့ တာကို တွေ့ရပါတယ်။

''အစာလျှော့ စားပါလျက်နဲ့ ဘာလို့ ဝိတ်မကျ တာလဲလို့ စာဖတ် ပရိသတ် အများစုက ကျွန်မကို မေးကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လျှော့သာ စားနေတယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာကို စားဖို့ကျတော့ မေ့လျော့ နေလို့ပါ။ စားသောက်နည်း မှားနေတာပါ။

အသင့်စား စားသောက်ကုန်တွေနဲ့ ဖန်တီးထားတဲ့ အစာတွေကို လျှော့ပေါ့ စားသုံး သင့်ပါတယ်။ သဘာဝ ကျပြီး အာဟာရ ဖြစ်တဲ့ အစာတွေကို စားသုံး သင့်ပါတယ်''ဟု အက်စတာဘမ်းက ဆက်လက် ပြောကြား ခဲ့ပါတယ်။

Ref : BBC

Originally published at - http://health.thithtoolwin.com/2016/06/blog-post_6.html

No comments:

Post a Comment