ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 18, 2016

ဗိုက်မပူချင်တဲ့ အမျိုးသားတွေ ရှောင်သင့်တဲ့ အရာ (၁၀) ခု




အထူးသဖြင့် ကိုယ် အလေးချိန် လျှော့ချ နေစဉ်မှာ ဒီအချက် တွေကို လိုက်နာ သင့်ပါတယ်။

၁။ ကိုယ်အဆီကျ ကျစ်လစ်ချင်တဲ့ အကြောင်းရင်းတွေကို ချရေးပြီး မမေ့ မလျော့စေဖို့ တစ်နေရာမှာ ကပ်ထားပါ။

၂။ ဘူဖေးနဲ့ အစား အစာ ရွေးချယ် စရာတွေ အများကြီး ရှိနေတဲ့ နေရာတွေကို ရှောင်ပါ။ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ မစားသင့်တဲ့ အစားအစာတွေ အများကြီးကို စားမိ တတ်လို့ပါ။

၃။ Finger food တွေ ဘယ်တော့မှ မစားပါနဲ့။

၎။ ထမင်း စားပွဲပေါ်က လွဲလို့ တခြားနေရာမှာ မစားပါနဲ့။

၅။ အစားကို မြန်မြန် မစားပါနဲ့။ အစာကို သေချာ ကြေညက်အောင် ဝါးပါ။ ထမင်း တစ်ခါ စားရင် မိနစ် ၂၀ လောက် ကြာပါစေ။



၆။ (ငှက်ပျောသီး၊ ကီဝီသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ သရက်သီး၊ ဖရဲသီး စပျစ်သီးခြောက်စတဲ့) သကြားဓာတ် များတဲ့ အသီးတွေနဲ့ အသီး ဖျော်ရည် မှန်သမျှ ရှောင်ပါ။

၇။ အိပ်ရာ မဝင်ခင် အနည်းဆုံး ၂ နာရီအလို ကတည်းက ဘာမှ မစားပါနဲ့။



၈။ အရမ်းဆာလောင်လာရင် အနည်းဆုံး ၁၅ မိနစ်လောက် မစားသေးဘဲ နေလိုက်ပါ။ (အဲဒီအချိန်ဆိုရင် အလွန်အမင်းစားချင်စိတ် ပျောက်သွားပါလိမ့်မယ်)

၉။ နွားနို့သောက်ချင်ရင် အဆီထုတ်ထားတာကို သောက်ပါ။

၁၀။ သရေစာစားချင်ရင် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ပန်းသီး၊ လိမ္မော်သီးနဲ့ မုန်လာဥနီကို စားနိုင်ပါတယ်။

Duwun

Originally published at - http://www.duwun.com.mm/

No comments:

Post a Comment