ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 9, 2016

အိမ်မှာတင် မျက်နှာပေါင်းတင်မျက်နှာဖုံး ပြုလုပ်နည်း




ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထဲမှာ အရေးကြီးဆုံးက အရေပြားဆိုတာ သင်သိပါသလား?

အရေပြားက ဘက်တီးရီးယား ပိုးတွေ ဗိုင်းရပ်စ်တွေ ရန်က ကာကွယ်ပေးတဲ့ ပထမဦးဆုံး အလွှာ ဖြစ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ကို အေးမြစေပြီး အေးတဲ့ အချိန်မှာလည်း နွေးထွေးနေအောင် ပြုလုပ်ပေးပါတယ်။

ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ သဘာဝ ပေါင်းတင်မျက်နှာဖုံးနဲ့ အညစ်အကြေးတွေ၊ ဘက်တီးရီးယားများတွေနဲ့ တခြား ကူးစက်ရောဂါတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ ပေါင်းတင်မျက်နှာဖုံးအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

• ရှားစောင်းလက်ပပ် ကတော့ နီရဲယောင်ယမ်းခြင်းတွေကို သက်သာစေပြီး ဓါတ်တိုးပစ္စည်းတွေ များစွာပါဝင်ပါတယ်။

• မုန့်ဖုတ်ဆော်ဒါ ကတော့ မှိုရောဂါတွေကို ကာကွယ်တိုက်ဖက်ပေးပြီး အဆီပြန်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။

• သစ်ကြမ်းပိုးခေါက်ကတော့ အဏုဇီဝရောဂါပိုးတွေကို သဘာဝအတိုင်း ဖယ်ရှားတိုက်ထုတ်ပေးနိုင်ပါတယ်။

• အုန်းဆီ သို့ သံလွင်ဆီကတော့ အစိုဓါတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

• လက်ဖက်စိမ်းမှုန့် ကတော့ ဓါတ်တိုးပစ္စည်းတွေရဲ့ ဘုရင်ပါပဲ။ အဏုဇီဝပိုးမွှားတွေနဲ့ နီရဲယောင်ယမ်းမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

• ပျားရည်ကတော့ သဘာဝ ပိုးသတ်ဆေးပါပဲ။

• သံပုရာရည်ကတော့ အဆီပြန်မှုတွေကို သက်သာစေပါတယ်။

Originally published at - http://health.thithtoolwin.com/2016/04/blog-post_8.html


No comments:

Post a Comment