
ကင်ဆာရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါဖြစ်ကြောင်း လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ တစ်ခါတရံ ကင်ဆာရောဂါတွေရဲ့ လက္ခဏတွေ ခံစား ရသည့်တိုင် သတိ မထားဘဲ လျစ်လျူရှု ထားတတ် ကြပါတယ်။ ကင်ဆာရောဂါ လက္ခဏာတွေ ဖြစ်ပေမဲ့ လစ်လျူရှု ထားတတ်ကြတဲ့ လက္ခဏ (၈) ချက်ကို ဖော်ပြ ထားပါတယ်။
ပင်ပန်းနွယ်နယ်ခြင်း

အိပ်ရေးဝဝ အိပ်သည့်တိုင် လန်းဆန်း တက်ကြွမှု မရှိဘဲ အမြဲလို ပင်ပန်းနွယ်နယ် နေရင် သတိပြု သင့်ပါတယ်။ အမြဲလို ပင်ပန်းနွမ်းနယ် နေခြင်းက သွေးကင်ဆာ၊ အူမကြီး သို့မဟုတ် အစာအိမ် ကင်ဆာ လက္ခဏာ ဖြစ်နိုင်ပါတယ်။
ကိုယ်အလေးချိန် လျော့ကျခြင်း

အကြောင်းရင်း မရှိဘဲ ကိုယ်အလေးချိန် လျော့ကျမှုဟာ ကင်ဆာရဲ့ လက္ခဏတစ်ခု ဖြစ်ပါတယ်။ စားသောက်နေထိုင်မှု ပုံစံမှန်နေပေမဲ့ ဘာကြောင့်မှန်း မသိ ကိုယ်အလေးချိန် လျော့ကျနေရင် သတိထား သင့်ပါတယ်။
နာကျင်မှု

နာကျင်မှု ခံစားရတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ နာကျင်မှုကို ရေရှည် ခံစားနေရခြင်း သို့မဟုတ် နာကျင်မှု သက်သာစေတဲ့ ဆေးများ သောက်ပေမဲ့ နာကျင်မှု ပျောက် မသွားဘူး ဆိုရင် ကင်ဆာရောဂါ လက္ခဏာ ဖြစ်နိုင်တာကြောင့် သတိထားရမှာပါ။
အရေပြားအောက်မှာ အဖု အလုံးတွေ့ခြင်း

အရေပြားအောက်မှာ အဖုအလုံး တွေ့ရှိ ရခြင်းဟာ ရင်သား သို့မဟုတ် အဖို မျိုးပွား အင်္ဂါ ကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
ခြေထောက်ရောင်ရမ်းခြင်း

အမျိုးသမီးတွေ လစ်လျူရှု ထားမိ တတ်ကြတဲ့ ကင်ဆာရောဂါ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ ခြေထောက်ရောင်ရမ်း မှုဟာ သားအိမ်ခေါင်းကင်ဆာနဲY ဆက်နွယ်နိုင်ပါတယ်။
အရေပြား အပြောင်းအလဲ

အရေပြားမှာ တင်းတပ်လို အကွက်တွေ၊ မှဲ့တွေ ပေါ်လာတာနဲ့ အရေပြားအရောင် ပြောင်းလဲ လာတာက အရေပြား ကင်ဆာရဲ့ လက္ခဏတွေ ဖြစ်တာကြောင့် သတိထားသင့်ပါတယ်။
ဆီးနဲ့ ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလာခြင်း

ဆီး သို့မဟုတ် ဝမ်းသွားတဲ့ အခြေအနေ ပြောင်းလဲ လာခြင်းက ဂရုစိုက် သင့်တဲ့ ကင်ဆာ လက္ခဏာပါ။ ဆီး မကြာခဏ သွားရတာ သို့မဟုတ် ဆီးသွား နည်းနေတာက ဆီးအိမ် ကင်ဆာ သို့မဟုတ် ဆီးကြိတ် ကင်ဆာ လက္ခဏဖြစ်ပြီး သတိထား သင့်ပါတယ်။ အမျိုးသားများမှာ တွေ့ကြုံရမှု ပိုများတဲ့ ကင်ဆာ လက္ခဏ ဖြစ်ပါတယ်။
ကြာရှည် ဖျားနာခြင်း

အအေးမိ တုပ်ကွေးဖြစ်ပြီး ကိုယ်ပူချိန်တက်က ဖျားနာခြင်းမျိုး မဟုတ်ဘဲ ကြာရှည်စွာ ကိုယ်ပူနေတာ ဖျားနာနေရင် သတိထားသင့်ပါတယ်။ ကိုယ်ပူမကျဘဲ ဖျားနာမှု ကြာရှည်နေခြင်းက သွေးကင်ဆာ လက္ခဏတစ်ခု ဖြစ်ပါတယ်။
Source & Photo: REME
Originally published at - http://www.duwun.com.mm/lifestyle/

No comments:
Post a Comment