ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 20, 2016

ဆီးချိုရောဂါဆိုးကို ပန်ကရိယဆဲလ် အစားထိုးခြင်းဖြင့် ကုသရန်ကြိုးပမ်း




ဝါရှင်တန် ၊ ၂၀-၄-၂၀၁၆

အမေရိကန် ပြည်ထောင်စုတွင် ဆီးချိုရောဂါဆိုး ကြီးကို ပန်ကရိယ ဆဲလ်များ အစားထိုးခြင်းဖြင့် ကုသနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျန်းမာရေး သုတေသီ များသည် ဆီးချိုရောဂါကို ကုသနိုင်ရန် ပန်ကရိယ ဆဲလ်များကို အစားထိုး လဲလှယ်ကာ အင်ဆူလင် ပြန်လည်ထုတ်လုပ် စေနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး ဆီးချိုရောဂါကြောင့် အသက်သေဆုံး နိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ နေရ သူများကို ကယ်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း၊ ပန်ကရိယဆဲလ် အစားထိုး ကုသခြင်းကို အချို့ နိုင်ငံများ တွင် ပြုလုပ်နေပြီ ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စု တွင် စမ်းသပ်နေဆဲ အဆင့်တွင်သာ ရှိနေသေးကြောင်း၊ ယခုအခါ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို တောင်းခံထားပြီး ဆီးချို အမျိုးအစား (၁) ဝေဒနာရှင် များကို ပန်ကရိယဆဲလ် အစားထိုးကသမှု စတင်ဆောင်ရွက် ပေးရန် ဖြစ်ကြောင်း သိရသည်။

" ဆီးချို အမျိုးအစား (၁) ဝေဒနာရှင် တွေဟာ သွေးတွင်း သကြားဓာတ် ပမာဏ ရုတ်တရက် ထိုးကျ သွားနိုင်ပြီး တစ်ကိုယ်လုံး တက်မတတ်၊ ချက်မတတ် ခံစားရနိုင်တဲ့ အပြင် အသက်လည်း ပါသွားနိုင် ပါတယ်။ ဆီးချိုကုထုံးမှာ ဆဲလ်အစားထိုး ကုသမှုကို အခြေခံတဲ့ ကုထုံးဟာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်လာနေပါတယ်။ ဒီကုထုံးကို အောင်မြင်စွာ ကျင့်သုံးနိုင်မယ် ဆိုရင် လူနာပေါင်း မြောက်မြားစွာရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ် " ဟု ဤ စမ်းသပ်မှုကို ဦးစီးဆောင်ရွက် နေသော ဒေါက်တာ ဘန်းဟတ်၊ မင်နက်ဆိုတာ တက္ကသိုလ် က ပြောပြသည်။

" ဆီးချို အမျိုးအစား (၁) မှာ ခန္ဓာကိုယ် ရောဂါ တိုက်ဖျက်ရေး စနစ်က ပန်ကရိယဆဲလ် တွေကို တိုက်ဖျက်ပစ်တဲ့ အတွက် ပန်ကရိယ က အင်ဆူလင်ကို မထုတ်ပေး နိုင်တော့ပါဘူး။ ဒီအတွက် သွေးတွင်း သကြားဓာတ်ကို အားဖြစ်သွား အောင် ပြောင်းလဲပေး နိုင်ခြင်း မရှိတော့ပါဘူး။ အမေရိကန် နိုင်ငံသား ၁ သန်းထက် မနည်းတို့ ဟာ ဆီးချို အမျိုးအစား (၁) ကို ခံစားနေရပါတယ်။ သူတို့ ဟာ အသက်ရှင်သန်မှု အတွက် အင်ဆူလင်ကို မှန်မှန်ထိုးသွင်း ပေးနေရပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာ အင်ဆူလင်ကို ဘယ်လောက် ထိုးပေးရမယ် ဆိုတာဟာ အလွန်ရှုပ်ထွေး တာမို့  သူတို့ မှာ အသက် အန္တရာယ် အမြဲလိုလို ရှိနေပါတယ် " ဟု ဘန်းဟတ် က ရှင်းပြသည်။

အချို့ ဆီးချို ဝေဒနာရှင်များသည် ကျောက်ကပ် အစားထိုး ကုသခွင့် ရလေ့ရှိကြောင်း၊ ပန်ကရိယ အစားထိုး ကုသခြင်း ကိုလည်း တစ်ပါတည်း ပြုလုပ်လေ့ ရှိကြောင်း၊ သို့ သော် ကျောက်ကပ် အလှူရှင် ရှားပါးခြင်း၊ ပန်ကရိယနှင့် တွဲကာလှူမည့် သူ ပို၍ပင် ရှားပါးခြင်း၊ ခွဲစိပ်မှုသည်လည်း လွန်စွာကြီးမား ကျယ်ပြန့် ရှုပ်ထွေးခြင်းတို
့ကြောင်း ပြင်ပမှ ပန်ကရိယဆဲလ် များကို အစားထိုး ကုသနိုင်မည့် နည်းလမ်းကိုသာ ဦးစားပေး ရှာဖွေ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/04/blog-post_47.html

No comments:

Post a Comment