ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 5, 2016

အသည်း အဆီဖုံးခြင်းအတွက် ရဲယိုရွက်




အသည်း အဆီဖုံးခြင်း ရောဂါသည် ယခု အခါတွင် အဖြစ် အများဆုံး စာရင်းဝင် ရောဂါ တစ်ခု ဖြစ်နေသည်။

ပြောင်းလဲလာသော အစား အသောက်များ၊ အရက် ဘီယာ၊ မူးယစ် ဆေးဝါးများ၊ ကိုယ်လက် လှုပ်ရှားခြင်း နည်း၍ အထိုင် များခြင်းတို့ကြောင့် ဖြစ်ကြရသည်။

အသည်း အဆီဖုံးခြင်း အတွက် ခေတ်မှီ ဆေးဝါး များဖြင့် ကုသ၍ ရနိုင် သလို
ရောဂါ မဖြစ်အောင် မိမိတို့ နေ့စဉ် စားသောက် နေသော အစား အသောက်များ ဖြင့်လည်း ကြိုတင် တားဆီး နိုင်ပါသည်။

အစားအသောက် များထဲတွင် ရဲယိုရွက်သည် အသည်း အဆီဖုံးရောဂါ အတွက် အလွန် ထိရောက်စွာ ကာကွယ် ပေးနိုင်သည့် ဆေးဖက်ဝင် အသီးအရွက် တစ်မျိုး ဖြစ်သည်။

(၁) ရဲယိုရွက်ကို ငါးခူနှင့်အတူ ချက်စားနိုင်သည်။

(၂) ရဲယိုရွက်ကို ငါးဖယ်၊ ငါးကြင်းတို့ဖြင့် ခြစ်၍ ကြက်သွန်ဖြူ၊ အမွှေး အကြိုင်များနှင့် ဖက်ထုပ် ပြုလုပ်ကာ ကြော်စား၊ ပေါင်းစားနိုင်သည်။

(၃) ရဲယိုရွက်ကို ရေနွေးစိမ်၍ ငပိရည်နှင့် တို့စရာ အဖြစ် စားသုံးနိုင်သည်။

အသည်းအဆီဖုံး ရောဂါဖြစ်နေ သူများ ရဲယိုရွက်ကို တစ်ပတ်လျင် ၂ ကြိမ် စားသုံးပေးလျှင် ရောဂါ သက်သာ ပျောက်ကင်းစေ သလို ရောဂါ မဖြစ် သူများလည်း မကြာခဏ စားပေးခြင်းဖြင့် ကြိုတင် ကာကွယ်ပေးနိုင် ကြပါသည်။

စောနွဲ့နေဆိုင်(ပူတာအို)

ကိုးကား - ဆေးဖက်ဝင်အပင်များ

Originally published at - https://www.facebook.com/စောနွဲ့နေဆိုင် (ပူတာအို)


No comments:

Post a Comment