ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 2, 2016

သင်သွားတိုက်ဖို့အကောင်းဆုံးအချိန်များ




သွားဆရာဝန်တွေဆီက ရထားတဲ့ အခြေခံ အကြံဥာဏ် ကတော့ သွားကို တစ်နေ့နှစ်ခါ တိုက်ရမယ်၊ သွားပွတ်ကြိုး ပုံမှန် သုံးရမယ်နဲ့ ပါးလုပ်ကျင်းဆေး သုံးရမယ် ဆိုတာပါပဲ။

သွားတိုက်မယ် ဆိုရင်တော့ မနက်ပိုင်း သွားတိုက်တာ ကတော့ ပုံမှန်ပဲပေါ့။ ပြီးတော့ တချို့လူတွေ ဆိုရင် အစာစားပြီး တိုင်းကို သူတို့ရဲ့သွားတွေကို တိုက်တတ် ကြပါတယ်။ ဒါပေမယ့် ဘယ်အချိန်က သင့်တွက်သွားတိုက်ဖို့ အကောင်းဆုံး အချိန်လဲ?

တချို့ သွားဆရာဝန်တွေ ကတော့ သင့်အနေနဲ့ အစားအသောက် အနည်းငယ်၊ သောက်စရာ အနည်းငယ်တို့ကို စားသောက်ပြီးရင် သွားမတိုက်ပဲ အချိန်ခေတ္တနေလို့ ရပါတယ်တဲ့၊ အမြုပ်ပါတဲ့ အချိုရည်တွေနဲ့ ဝိုင်တွေက သင့်သွား အပေါ်ယံကြွေလွှာကို မပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဗြိတိန် သွားဆရာဝန်ကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Richard Marques ကတော့ "တစ်ရက်ကို မနက်တစ်ခါ ညနေ တစ်ခါ နှစ်ခါ တိုက်ပေးခြင်းက သင့်သွားတွေ အတွက် အကောင်းဆုံးပါပဲ" လို့ Independent ကို အကြံပေး ပြောကြား ခဲ့ပါတယ်။

သူကဆက်လက်ပြီး "သင့်အနေနဲ့ အစားအသောက် တစ်ခုခုကို စားသောက်ပြီးတိုင်း အနည်းဆုံး မိနစ်သုံးဆယ်ခြားပြီး သွားတိုက် သင့်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် အစားအသောက် ထဲက အက်ဆစ်တွေက သင့်သွား မျက်နှာပြင်တွေကို ထိခိုက်နိုင်ပါတယ်။

အိပ်ရာမဝင်ခင်သွားတိုက်တာက တကယ်ကိုအရေးကြီးပါတယ်။ မဟုတ်ရင် သွားထဲက စားကြွင်းစားကျန်တွေက သွားတွေရဲ့မျက်နှာပြင်တွေကို တိုက်စားပြီး တစ်ညလုံး ယိုယွင်း ပျက်စီးမှုတွေကိုဖြစ်ပေါ်စေနိုင်လို့ပါပဲ" လို့ဆိုပါတယ်။

ဒါကြောင့်သွားတွေကို မနက်တစ်ခါ ညအိပ်ရာဝင်ခါနီးတစ်ခါ မှန်မှန်တိုက်ပေးပြီး ဂရုစိုက်ထိန်းသိမ်းသင့်ပါတယ်။ သင့်အိမ်ကကလေးငယ်တွေကိုလည်း အမြဲတမ်းသွားတိုက်တဲ့ အကျင့်လေးတွေရအောင် လေ့ကျင့်ပေးထားခြင်းက သူတို့ကို နောင်အခါမှာ သွားလှလှလေးတွေနဲ့ သွားကျန်းမာရေး အတွက်စိတ်မပူရအောင် ကြိုတင်ကာကွယ် သင့်ပါတယ်။

Ref: Independent

Originally published at - http://health.thithtoolwin.com/2016/01/blog-post_31.html


No comments:

Post a Comment