ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 2, 2016

အသီးအရွက်တွေက ဝိတ်ကျစေရန် ကူညီနိုင်




အသီးအရွက်တွေ စားသုံးတာဟာ အခုတော့ သာမန်သာ မဟုတ်တော့ ပါဘူး။ သင့်အတွက် ကောင်းမွန်တဲ့ သော့ချက် တစ်ခု ဖြစ်လာပါပြီ။ ပန်းသီး၊ သစ်တော်သီး၊ အပြာရောင် ဘယ်ရီသီး၊ စတော်ဘယ်ရီ သီးနဲ့ မုန်လာဥ တွေလိုမျိုး သီးနှံတွေဟာ သင့်ကို ဝိတ်ကျအောင် ကူညီပေးမှာပါ။

အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်နဲ့ အန်ဂလီယာတက္ကသိုလ်က သုတေသီတွေက အသီးအရွက် တွေမှာ လူတွေရဲ့ ကျန်းမာစေတဲ့ ဝိတ်မှာ ရှိနေအောင် ထိန်းထားပေးတဲ့ Flavonoid တွေကြွယ်ဝစွာ ပါဝင်တာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

တစ်ရက်ကို အသီးအရွက် ၈၀ဂရမ်လောက်စားပေးရင်တောင်မှ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်လို့သိရပါတယ်။

Flavonoid ဆိုတာကတော့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေမှာ တွေ့နိုင်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး အသီးအရွက်တော်တော်များများနဲ့ လက်ဖက်ရည်၊ ချောကလက်၊ ဝိုင်တို့လိုစားသောက်ဖွယ်ရာတွေမှာလည်းတွေ့နိုင်ပါတယ်။ အဲ့ဒီဒြပ်မှာ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးတဲ့ Antioidant တွေ အများအပြားပါဝင်တာပါ။

လေ့လာချက်ကို ဗြိတိသျှဆေးဝါးဂျာနယ်မှာ ဖော်ပြခဲ့ပြီး အချက်အလက်တွေကို အသက်၂၄နှစ် ကျော် အမျိုးသား၊ အမျိုးသမီး ၁၂၄ ၀၈၆ ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။

သုတေသီတွေအနေနဲ့ လူတွေကိုအုပ်စုသုံးခုခွဲခဲ့ပြီး အသက်၃၆နှစ်အရွယ် အမျိုးသမီးတွေ၊ အသက် ၄၈နှစ်အရွယ် အမျိုးသမီးတွေနဲ့၊ အသက်၄၇ နှစ်အရွယ် အမျိုးသားတွေတို့ပဲဖြစ်ပါတယ်။

သူတို့အနေနဲ့ Flavonoid ပမာဏ အနည်းငယ်လောက်စားရင်တောင် ကျန်းမာရေးအတွက် ဝိတ်ကျသွားစေတယ်လို့ ဆိုပါတယ်။

Ref: Independent

Originally published at - http://health.thithtoolwin.com/2016/01/blog-post_80.html


No comments:

Post a Comment