ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 23, 2016

ဆီးချို ဝေဒနာရှင်များ အတွက် စွမ်းရည်ပြည့် အလိုအလျောက် ထိန်းချုပ် ပေးနိုင်မည့် ပန်ကရိယ




ဆီးချို ဝေဒနာရှင်များ အဖို့ စားသုံးတဲ့ ကာဗို ဟိုက်ဒရိတ်ကို ချိန်ညှိဖို့၊ သွေးတွင်း သကြား ပမာဏကို စောင့်ကြည့် ဖို့နဲ့ အင်ဆူလင် ထိုးဖို့ စတဲ့ ခန္ဓာကိုယ် တွင်းမှာ ဟန်ချက် ညီနေအောင် အမြဲ အားထုတ် နေရပါတယ်။

ဒါဟာ ကျန်းမာစွာ နေထိုင်နိုင်အောင် အားထုတ် ရတဲ့ မဆုံးတဲ့ သံသရာ တခုပါ။ ဒါပေမယ့် ခုဆိုရင် အင်ဂျင်နီယာ ဘာသာရပ်ရဲ့ တိုးတက် ဖြစ်ထွန်းမှု တွေက ဒီသံသရာကို အဆုံး သတ်စေတော့ မှာပါ။

ဓာတ်ခွဲခန်း ၂ ခုက ဆီးချို ရောဂါကို အလွန် ခြားနားတဲ့ နည်းလမ်း ၂ ခုနဲ့ တိုက်ပွဲ ၀င်နေ ပါတယ်။ ဟားဘတ် တက္ကသိုလ်မှ ဆယ်စုနှစ် ၂ ခု ကျော်ကြာ သုတေသန လုပ်ငန်းရဲ့ ရည်ရွယ်ချက် ကတော့ ဖန်တီး ထားတဲ့ ပန်ကရိယကို ဖွံ့ဖြိုးအောင် လုပ်ပြီး ဆီးချို ရောဂါကို စောင့်ရှောက် သွားဖို့ ဖြစ်ပါတယ်။

“ဒီပန်ကရိယ ထဲမှာ ဆင်ဆာပါတဲ့ အတွက် အသက် တမျှ အရေး ကြီးတဲ့ အပြောင်းအလဲ တွေကို တိုင်းတာ ပါတယ်။ ဒီနေရာမှာတော့ ဂလူးကို့စ် ပေါ့နော်။ ဒါကတော့ အပြောင်း အလဲ ဖြစ်အောင် နှိုးပေးတဲ့ စက်ပေါ့။ အပြောင်း အလဲ ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ စနစ်ပါ။

ဒီနေရာ မှာတော့ ဒါက အင်ဆူလင် ထိုးသွင်းပေးမယ့် အလုပ် လုပ်တယ်။ ဦးနှောက်လိုပဲ ထိန်းညှိပေးတဲ့ အလုပ်ကို လုပ်တယ်။”

အင်ဆူလင် ပန့်တွေနဲ့ ဆင်ဆာတွေက သိပ်မထူးဆန်း လှပေမယ့် ဒီ ၂ ခုကို တပြိုင်တည်း အလုပ် လုပ်ခိုင်းမယ့် အယ်လ်ဂိုရီသမ်ကို တိုးတက် တီထွင်ဖို့က သိပ်ခက် ပါတယ်။ ဒါပေမယ့် အကြိမ်ကြိမ် စမ်းသပ်ပြီး လူဖန်တီးတဲ့ ပန်ကရိယ တွေကို ပထမဆုံး ထည့်သွင်း စမ်းသပ်ဖို့ဟာ သိပ်ကို နီးစပ်လာပါပြီ။

“အဓိက ကတော့ တွက်ချက် မှုတွေ လုပ်နိုင်တဲ့ လူနာပုံစံ မော်ဒယ် တခုသုံးပြီး ဖြစ်နိုင်ချေကို မှန်းဆ ဖို့ပါ။ ဒါမှ သွင်းလိုက်တဲ့ အင်ဆူလင်က ရှေ့မှာ ဆက်ဖြစ်မယ့် ဂလူးကို့စ် အပေါ် ဘယ်လို သက်ရောက်မှု ရှိလဲ၊ ပြီးခဲ့တဲ့ ဂလူးကို့စ်ရဲ့ အခြေအနေဟာ နောက် ၁ နာရီ ၂ နာရီအတွင်းမှာ ဘယ်လိုဖြစ် လာမလဲ ဆိုတာတွေပေါ့။”

ဒွိုင်းကတော့ လာမယ့် ၅ နှစ် အတွင်း ဆီးချို ဝေဒနာရှင်တွေ အတွက် စွမ်းရည်ပြည့် အလို အလျောက် ထိန်းချုပ်စနစ် တခု ပေါ်လာ တော့မယ်လို့ ဆိုပါတယ်။ ကိ

ရိယာက တခုတည်း မဟုတ်ပါဘူး။ ဇီဝဆေးဝါး ကုမ္ပဏီတွေက ဒီကိရိယာ တွေကို အဆင့်မြှင့်ပေးဖို့ ကမ်းလှမ်း ထားပါတယ်။ မန်ဆာချူးဆက် တက္ကသိုလ်နဲ့ ၂ မိုင် အကွာမှာတော့ သိပ္ပံပညာရှင် တွေဟာ ဆီးချိုရောဂါကို ကုသနိုင်ဖို့ အတူတကွ ကြိုးပမ်းနေကြပါတယ်။

သူတို့က ကြွက်မှာ အောင်မြင်အောင် စမ်းသပ်ပြ ခဲ့ပြီး ပါပြီ။ ဒီပန်ကရိယမှာ ဆဲလ်စု အခက်အလက် လေးတွေနဲ့ ဖွဲ့စည်းထားပြီး ဒီဆဲလ်တွေက သွေးတွင်း သကြားဓာတ်ကို စောင့်ကြည့်ကာ အင်ဆူလင် ထုတ်ပြီး ထိန်းညှိ ပေးပါတယ်။

ဆီးချိုအဆင့် ၁ သမားတွေမှာ ခုခံအား စနစ်က ဒီဆဲလ်တွေကို သတ်ပစ် ပါတယ်။ ဒီ အင်ဂျင်နီယာ အဖွဲ့က ဂျယ်လီလို ပစ္စည်းတမျိုး သုံးပြီး ကိုယ်ခံအားက မတိုက်နိုင်အောင် ဒီဆဲလ်တွေကို ၀ှက်ထားနိုင်မယ့် နည်းကို ကြံဆ ခဲ့ပါတယ်။

“ကျနော်တို့ တီထွင်လိုက်တာက ကိုယ်ဖျောက်ဝတ်ရုံလို ဆောင်ရွက်မယ့် ပစ္စည်းသစ် တမျိုးပါ။ ဒါကြောင့် ဒီပစ္စည်းက ဆဲလ်တွေကို ဖုံးအုပ် ထားပေမယ့် လုပ်ငန်း ဆောင်တာတွေ လုပ်ပြီး ရှင်သန်ခွင့် ပေးထားသလို ခုခံအားစနစ်က မတိုက်ခိုက်အောင်လည်း ကာကွယ်ပေးမှာပါ။”

ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဆဲလ် အခက်အလက်တွေ ခွဲစိတ် အစားထိုးခြင်းနဲ့ ပင်မဆဲလ်ကနေ ဆဲလ် အခက်အလက်တွေ ထုတ်လုပ် ခဲ့ရာမှာ အလားအလာ ကောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေကို ကိုယ်ခံအားက မတိုက်နိုင်အောင် ကာကွယ်ရာမှာ အကြီးအကျယ် အခက်ကြုံ ခဲ့ရပါတယ်။

“ခုဆိုရင် ပင်မဆဲလ်ကနေ လူသားဆဲလ် အခက် အလက်တွေ ထုတ်ယူပြီး ဆီးချိုရှိတဲ့ ကြွက်တွေကို တကယ် ကုသနိုင်တယ် ဆိုတာ ပြသခဲ့ပြီး ပါပြီ။

လူဝံ၊ မျောက်ဝံတွေရဲ့ ၀မ်းခေါင်းထဲမှာ ဒီအလုံးလေး တွေကို ထည့်သွင်းတဲ့ အခါ တစ်ရှူး ဒဏ်ရာ ရတာတွေ မတွေ့ရတဲ့ အတွက် ဒါတွေသုံးပြီး လူတွေကို ကုနိုင်တဲ့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ် ဆိုတာလည်း ကျနော်တို့ ပြသခဲ့ပြီး ပါပြီ။”

ကြွက်နဲ့ လူဝံ၊ မျောက်ဝံတွေမှာ စမ်းသပ်အောင်မြင်ထားပေမယ့် လူကို စမ်းသပ်ဖို့က နှစ်တွေ အများကြီး လိုပါသေးတယ်။ ဒီလမ်းကြောင်း ၂ ခု စလုံးက လာမယ့်နှစ်တွေမှာ အောင်မြင်ဖို့ အလားအလာ အများဆုံးပါ။ စမ်းသပ် စခန်းနှစ်ခု စလုံးက ပညာရှင်တွေကတော့ နောင်အနာဂတ်မှာ ဆီးချိုရောဂါသည်တွေ အဖို့ ဒီရောဂါကြောင့် ဘ၀မှာ ဖိစီးမှုတွေ မဖြစ်နိုင်တော့ ပါဘူးလို့ ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/136617


No comments:

Post a Comment