
မိန်းကလေး သီးသန့် ကျောင်းမှာ တက်တဲ့ ကောင်မလေး တွေဟာ အမှတ် ကောင်းကောင်းနဲ့ ကျောင်းပြီးနိုင် ကြပေမဲ့ ကျောင်းသူ အရွယ်မှာ ကောင်လေးတွေနဲ့ စကားပြောခွင့် မရခဲ့ရင် အနာဂတ် တစ်ချိန်မှာ အကျိုး ဆုတ်ယုတ်မှု ရှိတယ်လို့ ထိပ်သီးကျောင်းမှ ကျောင်းအုပ် ဆရာကြီး တစ်ဦးက ညွှန်းဆို ခဲ့ပါတယ်။
Brighton ကောလိပ်မှ ကျောင်းအုပ် ဆရာကြီး Richard Cairns ရဲ့အဆိုအရ တက်သစ်စ အမျိုးသမီးတွေဟာ ကလေးဘဝ တုန်းက ကောင်လေးတွေနဲ့ ပေါင်းသင်း ဆက်ဆံမှုပြုဖို့ မသင်ယူခဲ့ ရဘူးဆိုရင် အခက် အခဲတွေနဲ့ ရင်ဆိုင် ရဖွယ်ရှိတယ်လို့ သိရပါတယ်။
ကိုယ့်ကလေးရဲ့ အနာဂတ်ကို မှန်းမျှော်ပြီး အမှတ်ကောင်းဖို့အတွက် မိန်းကလေးသီးသန့် ကျောင်းမှာ ထားတဲ့ မိဘတွေအနေနဲ့ အယူအဆလွဲမှားမှုတွေရှိနေကြောင်း မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်မှာ Mr Cairns ကပြောပြခဲ့ပါတယ်။
"သမီးတွေအတွက် ကျောင်းရှာကြတဲ့ မိဘတွေတိုင်းက စိတ်ထဲမှာ အလားတူဆုံးဖြတ်ချက်မျိုး တော်တော်လေးရှိကြတယ်။ အတန်းပညာရော၊ လူမှုဆက်ဆံရေးတွေပါ သူတို့ရဲ့ ကလေးတတ်မယ့်နေရာကို လိုချင်ကြတယ်။
ဒါ့ကြောင့် မိန်းကလေးသီးသန့်ကျောင်းမှာထားရင် အမှတ်ပိုကောင်းတယ်ဆိုတဲ့ ခေတ်ကုန်နေတဲ့ အတွေးတစ်ရပ်ကို ကျွန်တော်ထောက်ပြနေတာပါ။
ကလေးဘဝမှာ ကောင်မလေးတွေက ကောင်လေးတွေနဲ့ ပေါင်းသင်းဆက်ဆံမှုမပြုခဲ့ရရင် သူတို့ အလုပ်ခွင်ဝင်တဲ့အခါ ဘာတွေဖြစ်ကုန်မလဲ။" လို့ သူက ဆောင်းပါးမှာ ရေးသားထားပါတယ်။
Ref: Daily Mail
Originally published at - http://health.thithtoolwin.com/2016/01/blog-post_53.html

No comments:
Post a Comment