ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 6, 2015

TV ပဲ ထိုင်ကြည့် နေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းက ဦးနှောက်အတွက် အန္တရာယ် ဖြစ်နိုင်




TV ပဲ ထိုင်ကြည့်နေရင် ဦးနှောက်ပျက် သွားလိမ့်မ ယ်လို့ ပြောလေ့ ရှိကြပါတယ်။ တွေ့ရှိချက် အသစ်ရ ဒါဟာဖြစ်နိုင် ပါသတဲ့။

University of California San Francisco မှ သုတေသီတွေ အဆိုအရ လူပျိအပျို ဖြစ်ခါစမှာ တစ်နေ့ကို TV ၃နာရီ ထက် ပိုကြည့် တာဟာ သက်လတ်ပိုင်း ရောက်တဲ့ အခါ ပိုမို ဆိုးရွားစွာ ထိခိုက်စေနိုင် တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကိုယ်လက် လေ့ကျင့်ခန်း မရှိဘဲ TV ပဲ ထိုင်ကြည့် နေတာဟာ ပိုမို ဆိုးဝါးတဲ့ ရလဒ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်လက်လှုပ်ရှားမှုဟာ ဦးနှောက် ကျန်းမာရေးနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို ထိန်းသိမ်းရာမှာ အရေးပါတာကြောင့် ဒီတွေ့ရှိချက်က အရမ်းတော့ ထူးဆန်းမနေဘူးလို့လည်း ဆိုပါတယ်။

ရုပ်သံဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေကို တစ်ချိန်လုံး ထိုင်ကြည့်နေသူတွေများလာတာကြောင့် သုတေသီတွေက ဆယ်စုနှစ်အတော်များများကြာ၂၅ နှစ်အရွယ်ရှိသူတွေရဲ့ ဦးနှောက်တွေကို လေ့လာစမ်းသပ်ခဲ့ပြီး သိရှိရတာဖြစ်ပါတယ်။

သုံးနာရီထက်ကြာအောင် TV ထိုင်ကြည့်သူတွေမှာ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကျဆင်း နေတာကို တွေ့ရပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေမှာလည်း စွမ်းဆောင်ရည်ကျဆင်းနေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

TV လည်းကြည့် ကိုယ်လက်လှုပ်ရှားမှုလည်း မရှိသူတွေမှာတော့ ဦးနှောက်စွမ်းဆောင်ရည်ဟာ နှစ်ဆနီးပါး ကျဆင်းနေတယ်လို့ဆိုပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/12/tv.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment