ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 10, 2015

lemon ဖျော်ရည်အပူကို မနက်ပိုင်းမှာ သောက်ခြင်းဖြင့် ၀ိတ်ကျပြီး နုပျိုစေ




Lemon ဖျော်ရည် အပူအား သောက်သုံး ခြင်းကြောင့် ၀ိတ်ကျပြီး နုပျို လန်းဆန်း စေနိုင်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြခဲ့တယ်လို့ Daily Mail ကဆိုပါတယ်၊ လီမွန်သီး (ရှောက်ချိုသီး) မှာ ပါဝင်တဲ့ ဗီတာမင်စီ ကြောင့် ကော်လာဂျင် ထုတ်လွှတ်မှု အားကောင်းစေပြီး အသား အရေကိုနုပျိုစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊

အဲ့ဒီအပြင် Metabolic ထုတ်လုပ်မှု အားကောင်းစေ တာကြောင့် သွေးထဲမှာ ရှိနေတဲ့ ကိုလက်စ်ထရောကို လျှော့ချပေးနိုင် တယ်လို့ သိရပါတယ်။

လီမွန်မှာပါဝင်တဲ့ ဗီတာမင်စီဟာ antioxidants ပါဝင်တာကြောင့် နေရာင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနဲ့ ခန္ဓာကိုယ်မှာ အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေကို တိုက်ဖျက် တားမြစ်ပေး ပြီးအသားအရေကို နုပျိုစေတာ ဖြစ်တယ်လို့ သိရပါတယ်၊

လီမွန်သီး ဖျော်ရည်ဟာ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီအပိုတွေကို ဖယ်ရှား တားဆီးပေးတဲ့ အပြင် သွေးထဲမှာ ရှိနေတဲ့ ကိုလက်စ်ထရောကို လျှော့ချပေး တာကြောင့် ဇီဝရုပ် ဖြစ်ပျက်မှုကို ထိန်းညှိပေးပြီး အဆီတွေကို လျှော့ချပေး တာဖြစ်တယ်လို့ သိရပါတယ်၊

တခြား လီမွန်သီးရဲ့အကျိုး အာနိသင်တွေ ကတော့ အမောအပန်း ခံနိုင်အောင် စွမ်းအင်တွေ ထုတ်လုပ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဓာတ်တွေကို တားဆီးပေးနိုင်ခြင်း၊ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် ဦးနှောက် အားကောင်းစေပြီး သွေးဖိအားကို ထိန်းညှိပေးနိုင်ခြင်း၊ လန်းဆန်းစေ တာကြောင့် အသက်ရှူ ရှိုက်ရာမှာ အားကောင်းစေခြင်းတို့ပဲ ဖြစ်ပါတယ်၊

ဒါကြောင့်ဒီလိုကောင်းမွန်တဲ့ လီမွန်သီးဖျော်ရည်ကိုမနက်တိုင်းသောက်ပေးပြီးကျန်းမာစွာနေထိုင်နိုင်ဖို့ရေးသားလိုက်ရပါတယ်။

Original link - http://health.thithtoolwin.com/2015/12/lemon.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment