ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 24, 2015

တစ်ရက်ကို ၀ိုင်တစ်ခွက် သောက်သုံးခြင်းက GYM ဆော့ခြင်းနှင့် တူညီသော အကျိုး ရှိ




ကနေဒါက အယ်လ် ဘာတာ တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များရဲ့လေ့လာ ချက်တွေ အရတော့ ၀ိုင်နီမှာ အခွံမာ သိးတွေနဲ့ စပျစ်သီး တွေမှာ တွေ့ရလေ့ရှိတဲ့ တူညီတဲ့ သဘာဝ ကွန်ပေါင်းတွေ၊ Resveratrol တွေရနိုင် တယ်လို့ သိရပါတယ်၊

ကြွက်တွေနဲ့ စမ်းသပ်ချက် အရတော့ အဆိုပါ ဒြပ်ပေါင်း တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ နှလုံး ကျန်းမာမှု၊ ကြွက်သား ကြံ့ခိုင်မှုတွေကို အထောက် အကူပြု စေတယ်လို့ သိရပါတယ်။

အဆိုပါ စမ်းသပ်ချက်ကို ဦးဆောင်ခဲ့သူ Jason Dyck ရဲ့အဆို အရတော့ ၀ိုင်နီမှာ တွေ့ရတဲ့ Resveratrol တွေက သင်ပြုလုပ် နေတဲ့ ကျယ်ပြန့်တဲ့ လေ့ကျင့်ခန်း တွေနဲ့ တူညီတဲ့ ရလဒ်တွေ ရှိတယ်ဆိုတာ သက်သေ ပြနေပါတယ် လို့ဆိုပါတယ်။



အချုပ်အားဖြင့် ပြောရရင်တော့ ၀ိုင်နီ ထဲက ပါဝင် ပစ္စည်းတွေဟာ GYM မှာ သွားဆော့တဲ့ အကျိုး သက်ရောက် မှုတွေနဲ့ တူညီ တယ်လို့ သိရ ပါတယ်၊ ဒါကြောင့် တစ်နေ့ကို ၀ိုင် တစ်ခွက် သောက်ခြင်း အားဖြင့် နှလုံး ကျန်းမာရေးကို ကောင်းမွန်စေ သလို ကြွက်သားတွေနဲ့ အရိုးတွေကို သန်မာ စေတာ ဖြစ်ပါတယ်၊

ဒါပေမယ့်၊ တကယ်တော့ ၀ိုင်တစ်နေ့ တစ်ခွက် သောက်တာဟာ သင့်ကို Six Pack လို့ခေါ်တဲ့ ဗိုက်ကြွက်သားတွေ ထွက်လာစေမှာ တော့မဟုတ်ပါဘူး၊ ပြီးတော့ ၀ိုင်တစ်ခွက် သောက်ရုံ နဲ့သာ ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေတာ ဖြစ်ပြီး ပိုတော့ မသောက် သင့်ပါဘူး၊

၁၇၅ မီလီ ခွက် တစ်ခွက်နဲ့ ၀ိုင်နီဟာ ကယ်လိုရီ ၁၂၀ ပါဝင်ပြီး ၂၅၀ မီလီမှာ တော့ ကယ်လိုရီ ၂၁၅ အထိ ပါဝင်တာကြောင့် တကယ်လို့ ထမင်းစားချိန်မှာ နှစ်ခွက်ထက် ပိုသောက်ခဲ့ရင် ကယ်လိုရီကို နှစ်ဆထိ တက်စေနိုင် ပါတယ်၊

ဝိုင်နီကို သင့်တင့် မျှတစွာ သောက်သုံး ပေးခြင်းဖြင့် ကိုလက်စထရောကို ထုတ်လုပ်ပေး တာကြောင့် သွေးခဲခြင်း၊ ဦးနှောက်နှေးကွေးခြင်း၊ တိမ်ဖြစ်ခြင်း၊ အူမကြီး ကင်ဆာ နဲ့ ဆီးချိုရောဂါ နှစ်မျိုးတို့ကို ကာကွယ် ပေးနိုင်တယ် လို့ သိရပါတယ်၊

ဒါကြောင့် ၀ိုင်နီကို သိပ္ပံပညာရှင်တွေရဲ့ ညွှန်ကြားချက် အတိုင်း သောက်သုံး ပေးသင့်ပါတယ်၊

Ref : Upi

Originally published at - http://health.thithtoolwin.com/2015/12/gym.html


No comments:

Post a Comment