ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 23, 2015

ရယ်မောခြင်းက ရစေမယ့် အကျိးကျေးဇူးများ


ရယ်မောခြင်းဟာ ကောင်းပါတယ်။ ရယ်မောခြင်းကို မကြာခဏလုပ်တဲ့ သူတစ်ယောက်က ဘယ်လို အကျိုး ကျေးဇူးတွေ ရမလဲဆိုတာ ကြည့် လိုက်ပါဦး



ရယ်မောခြင်းဟာ အကောင်းဆုံး သဘာဝ ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါတယ်။ ဆင်းရဲချမ်းသာ လူအို၊ လူပျို မရွေး ရယ်မောခွင့် ရှိပါတယ်။ စိတ်ဖိစီး စရာ၊ စိတ်ညစ်စရာ ဆိုတာ လူတိုင်း တစ်ကွေ့ မဟုတ် တစ်ကွေ့ ကြုံတွေ့ ရစမြဲ ဖြစ်ပါတယ်။ များများရယ်လေ သင့်ကျန်းမာရေး အတွက် ကောင်းလေပါပဲ။

တကယ်တော့ ကျန်းမာရေး အတွက်တင် မကပါဘူး။

ရယ်မောခြင်းကြောင့် သင်ရနိုင်တဲ့ အကျိုး ကျေးဇူးလေးခု အတိ အကျ ရှိနေပါတယ်။ အဲဒါတွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အဆိုးရွားဆုံး အချိန်တွေ ကြုံတွေ့ ခဲ့ရရင်တောင် ရယ်မောခြင်းက သင့်ကို သက်သာ စေမှာပါ။

၁။ ကျန်းမာရေးအတွက်ကောင်းခြင်း



ရယ်မောခြင်းကြောင့် ရတဲ့ ကျန်းမာရေး အကျိုးကျေးဇူး များစွာကို နာမည်ကျော် သူနာပြု ဆရာမ ပက်တီဝူတင်းက သူ့ရဲ့ဆောင်းပါးထဲမှာ ထည့်သွင်းရေးသား ခဲ့ပါတယ်။

ရယ်မောခြင်းက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဖိအားတွေလျော့ကျစေတာ အသေအချာဖြစ်ပါတယ်။ ရယ်မောခြင်းက သင့်ရဲ့နှလုံးကိုလည်း ပိုကျန်းမာစေပါတယ်။

အကြမ်းဖျဉ်းအားဖြင့်တော့ သင့်ရဲ့ခန္ဓာတစ်ခုလုံးကို ရယ်မောခြင်းနဲ့ ဆေးကုသနိုင်ပါတယ်။ လက်တွေ့ကျကျပဲ ပြောကြပါစို့။

သင်အားရပါးရ ရယ်မောပြီးသွားတဲ့အခါ ခံစားမှု ပိုကောင်းလာတယ်လို့ မထင်ရဘူးလား။ ဦးနှောက်က စဉ်းစားနိုင်စွမ်း ပိုရှိလာတယ်လို့ မထင်ရဘူးလား။ ဒါဟာ ချက်ခြင်းလက်ငင်းရတဲ့ အကျိုးကျေးဇူးကိုပဲ ပြောသေးတာဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကစပြီး ခါတိုင်းထက် ပိုရယ်ပါ။ သင်ဘဝမှာ ပိုပျော်ရွှင်လာပါလိမ့်မယ်။

၂။ ဆက်ဆံရေး ပိုကောင်းလာစေမယ်



ချစ်သူရည်းစား ဆက်ဆံရေးမျိုးတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ သင်နဲ့ သင့်မိတ်ဆွေတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကိုလည်း အဆင်ပြေစေပါတယ်။

ပုဂ္ဂိုလ်ရေးအဆင်မပြေမှုဟာ စိတ်ဖိစီးမှုတွေကို တိုက်ရိုက်ခေါ်ဆောင်လာစေပါတယ်။

ဒီတော့ သင့်ရဲ့ လူမှုပတ်ဝန်းကျင်းကို အပြုံးတွေနဲ့ စီချယ်ထားတဲ့အခါ ဆက်ဆံရေးကြောင့် ဖိအားတွေ ဝင်လာစရာ အကြောင်းမရှိတော့ပါဘူး။ ရယ်မောခြင်းက အကောင်းမြင်စိတ် ကိုလည်း ဖြစ်ပေါ်စေပါတယ်။

ချစ်သူရည်းစား၊ အပေါင်းအသက်ဆက်ဆံရေးတွေ ခိုင်မြဲစေတဲ့ အဓိကအကြောင်းပြချက်က ရယ်မောဖို့ပဲ ဖြစ်ပါတယ်။

၃။ ဘဝအမြင်တွေကို ပြောင်းလဲနိုင်



ရယ်မောခြင်းက သင့်ရဲ့ဘယ်လိုအမြင်မျိုးကိုမဆို အကောင်းမြင်တက်စေဖို့ အဓိကအကြောင်းအရာ ဖြစ်ပါတယ်။ တစ်ခုခုဆို ပြင်းပြင်းထန်ထန်ခံစားတက်ခြင်းကိုလည်း ရယ်မောခြင်းက သက်သာစေပါတယ်။

သင့်ကိုယ်သင် သဘောထားကြီးလာစေချင်ရင် ပိုရယ်မောပါ။ အမြင်ကျဉ်းနေတဲ့ သင့်ရဲ့ စိတ်ကိုလည်း ရယ်မောခြင်က ကုစားနိုင်ပါတယ်။ မယုံမရှိပါနဲ့။ ရယ်မောတယ်ဆိုတာ သင့်ကိုသင် အပန်းဖြေတာနဲ့ တူပါတယ်။

စိတ်နဲ့ခန္ဓာကိုယ် အပြောင်းအလဲ ဖြစ်စေပြီး အကောင်းမြင်စိတ်တွေကို ရယ်မောဖြင်းက သယ်ဆောင်လာပေးပါ လိမ့်မယ်။

၎။ သင့်ကိုပိုဆွဲဆောင်မှု ရှိစေတယ်။



မယုံမရှိပါနဲ့ဦး။ သင်ဟာ ပြုံးပြုံးရွှင်ရွှင်နေတက်သူဆိုရင် လူ့ပတ်ဝန်းကျင်မှာ သင်ဟာစွဲဆောင်မှု ရှိသူဖြစ်တယ်ဆိုတာ သေချာပါတယ်။

မျက်နှာပေါ်မှာ အပြုံးတစ်ခုတပ်ဆင်လိုက်တဲ့အခါ ပိုပြီးဆွဲဆောင်မှု ရှိသွားတက်ပါတယ်။ နှစ်နှစ်ကာကာပြုံးလေလေ သင်ဟာစွဲဆောင်မှု ပိုရှိလေလေပါပဲ။

သင့်ရဲ့ အပြုံးက သင့်ရဲ့ ဖြူစင်တဲ့အတွင်းစိတ်ကိုပါ လှစ်ဟပြတာနဲ့ တူပါတယ်။

ဒါကြောင့် တစ်စုံတစ်ယောက်နဲ့ ပထမဆုံး ချိန်းတွေ့ချိန်မှာ တောင် သင်ဟာသလုပ်ပြီး ရယ်မောဖို့ မမေ့ပါနဲ့။

Originally published at -


No comments:

Post a Comment