ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 20, 2015

အစာလမ်းကြောင်းထဲမှာ ရှိတဲ့ အဏုဇီဝပိုးတွေက နှလုံးရောဂါ ကုသရာမှာ အထောက် အကူပြု




ကျွန်တော်တို့ရဲ့ အစာ လမ်းကြောင်း အတွင်းက အဏုဇီဝ ပိုးမွှားလေး တွေဟာ အစာချေဖျက် ပေးဖို့သာ မကပဲ ခန္ဒာကိုယ် အတွင်းက အချို့သော လုပ်ငန်းတွေ မှာပါ အထောက် အကူပြုလျက် ရှိနေပါတယ်။

Cleveland က လေ့လာ သူတွေ ကတော့ အစာလမ်းကြောင်း တွင်းက အဏုဇီဝ ပိုးမွှားတွေက အစာချေဖျက် ပေးရာမှာ ထွက်လာတဲ့ choline, lecithin နဲ့ carnitine စတဲ့ ဓာတ်တွေကို ကိုယ်တွင်း အခြား လုပ်ငန်းတွေ မှာပါ အထောက်အကူ ပြုစေနိုင်မယ့် နည်းလမ်း တစ်မျိုးကို ရှာတွေ့ထား ကြပါတယ်။

" ကျွန်တော်တို့ ကတော့ ကိုယ်တွင်းမှာ ရှိတဲ့ အဏုဇီဝ ပိုးမွှားလေးတွေနဲ့ အစာတွင်းမှာ ပါဝင်တဲ့ နှလုံးရောဂါကို ဖြစ်စေနိုင်မယ့် ဓာတ်တွေကို လျှော့ချ ပေးနိုင်အောင် လုပ်ဆောင်နိုင်ပြီ။ ဒီလို လုပ်ဆောင်နိုင် မှုကြောင့် အစာလမ်းကြောင်းတွင်း ကနေ ထွက်လာတဲ့ စွန့်ပစ် ပစ္စည်းတွေမှာ နိုက်ထရိုဂျင် ပါဝင်မှု ပိုနိမ့်သွား တာကို တွေ့ရပြီး လူတွေရဲ့ ဆဲလ်တွင်းက ကိုလက်စထရော ပါဝင်နှုန်း တွေကိုပါ လျှော့ချနိုင် ခဲ့ပါတယ်။ "

" အဆီပိတ် ရောဂါနဲ့ ဆီးချို ရောဂါတွေ ဟာလည်း ဒီအဏုဇီဝ ပိုးတွေနဲ့ အတော်လေးကို ဆက်စပ် နေတာကို တွေ့ရ ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာချက်သုံးခုက အခုလောလော ဆယ်မှာတော့ အစာတွင်းမှာ နှလုံးရောဂါ ဖြစ်နိုင်တဲ့ ဓာတ်တွေ ပါဝင်မှုကို လျှော့ချ ပေးနိုင်ခဲ့ပြီ။ ဒီလို အဏုဇီဝ ပိုးတွေနဲ့ ပူးပေါင်း လုပ်ဆောင်လာနိုင်မှု တွေကို အခြားသော ဇီဝကမ္မ ဖြစ်စဉ်တွေမှာပါ အကျိုးပြုနိုင်အောင် လုပ်ဆောင် လာနိုင်မယ်လို့ ထင်ပါတယ် " လို့ ဦးဆောင် လေ့လာသူ Dr. Stanley Hazen က ပြော ပါတယ်။

Ref : UPI

Original link - http://health.thithtoolwin.com/2015/12/blog-post_46.html


No comments:

Post a Comment