ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 17, 2015

တစ်ညကို ၉ နာရီထက် ပို အိပ်စက်ခြင်းဟာ စောစော သေဖို့ အခွင့်လမ်း ၄ ဆ များစေ




ကျွန်ုပ်တို့ အမြဲ ပြောလေ့ရှိတဲ့ စကားက အိပ်စက်ခြင်းဟာ အကောင်းဆုံး ဆေးဝါး တစ်မျိုး ဖြစ်တယ် ဆိုတာပါပဲ။

ဒါပေ မယ့်လည်း လေ့လာမှု အသစ် တစ်ခုက ထုတ်ဖော် ပြသ လိုက်တာ ကတော့ အိပ်စက်ချိန် လွန်ကဲခြင်း ဟာလည်း သင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။ တစ်ညကို ၉ နာရီထက် ပိုပြီး အိပ်စက်ခြင်း နဲ့ တစ်နေ့တာ အတွက် ထိုင်ချိန် လွန်ကဲခြင်း နဲ့ လေ့ကျင့်ခန်း လုပ်ချိန် မရှိခြင်းတို့ကို ပေါင်းစပ် လိုက်တဲ့ အခါမှာ တန်ပြန် လာတဲ့ ကျန်းမာရေး သက်ရောက် မှုဟာ ဆေးလိပ် သောက်ခြင်း နဲ့ အရက် သောက်ခြင်း တို့လို ဆိုးကျိုး ဖြစ်စေနိုင် တယ်လို့ ထိုလေ့လာမှု က ဖော်ပြ ခဲ့ပါတယ်။

လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မ၀င် စားတဲ့ ဘ၀တွေမှာ နေထိုင်နေ သူတွေဟာ အချိန်စောစွာ သေဆုံးဖို့ ၄ ဆ တိတိ အခွင့်အရေး များစေနိုင် တယ်လို့ ကျွမ်းကျင် သူတွေက သတိပေး လိုက်ပါတယ်။ အထိုင် များခြင်းက သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင် တယ်ဆိုတာ ကိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက သက်သေတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှုတွေ တုန်းကလည်း ရည်ညွှန်းပြောဆို ခဲ့ကြတာက အိပ်စက်ခြင်းဟာ ကျန်းမာရေး အပေါ် သက်ရောက်မှု ရှိနိုင်တယ် ဆိုတာပါပဲ။ သြစတြေးလျ နိုင်ငံ ဆစ်ဒနေ တက္ကသိုလ် က ပြုလုပ် ခဲ့တဲ့ ဒီလေ့လာ မှုကတော့ အိပ်စက်ခြင်း နဲ့ ထိုင်ခြင်းတို့ရဲ့ သက်ရောက်မှု ကို ပထမဆုံး အကြိမ် လေ့လာ ခဲ့တာပဲ ဖြစ်ပါတယ်။

သုတေသီအဖွဲ့ဟာ အသက် ၄၅ နှစ်နဲ့ အထက်မှာ ရှိတဲ့ လူဦးရေ ၂၃၀၀၀၀ ယောက်တို့ရဲ့ ကျန်းမာရေး အလေ့ အကျင့်တွေကို လေ့လာကြည့် ခဲ့ပါတယ်။ သုတေသီတေဗွဟာ ရောဂါ ဖြစ်ပွားနှုန်းများစေတဲ့ ဆေးလိပ်သောက်ခြင်း ၊ အရက် အလွန် အကျွံသောက်ခြင်း ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစား စားသောက်မှု နည်းခြင်း နဲ့ ရုပ်ပိုင်း ဆိုင်ရာ တက်ကြွမှု မရှိခြင်း တို့လို လူနေမှု အကျင့် စရိုက်တွေ ဆန်းစစ် လေ့လာ ခဲ့ပါတယ်။

သုတေသီတွေဟာ ထိုအမူအကျင့်တွေထဲကို အချိန်ကြာရှည်စွာ ထိုင်ခြင်း ၊ အိပ်ချိန် နည်းခြင်း / များခြင်း တို့ကိုပါ ပေါင်းထည့် လိုက်ပြန် ပါတယ်။

သူတို့ဟာ ထို အမူအကျင့်တွေထဲကမှ မတူညီတဲ့ အမူအကျင့်တွေကို ပေါင်းစပ်ပြီး ဘယ်ပေါင်းစပ်မှုက သေဆုံးချိန် စောစေနိုင်သလဲ ဆိုတာကိုလေ့လာ ခဲ့ရာမှာ အချိန်ကြာရှည်စွာ အိပ်စက်ခြင်း ၊ အထိုင်များခြင်း နဲ့ လေ့ကျင့်ခန်း လုပ်မှု နည်းပါးခြင်းတို့ဟာ အသေ စောစေနိုင်တယ် ဆိုတာကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

သုတေသီတွေ ဘက်က ထည့်သွင်းပြောကြား ခဲ့တာက အဲဒီလို အမူ အကျင့်တွေဟာ ကမ္ဘာ တစ်ဝှမ်းမှာ လူဦးရေ သန်းပေါင်း ၃၈ သန်း ကို သေဆုံးစေခဲ့တဲ့ နှလုံးရောဂါ ၊ ဆီးချို သွေးချို နဲ့ ကင်ဆာရောဂါတို့ကို ဖြစ်စေနိုင် တယ် ဆိုတာပါပဲ။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_16.html


No comments:

Post a Comment