ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 17, 2015

ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားနေ




ကင်ဆာ ဖြစ်ပွားမှု နှုန်းဟာ ၀င်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ လျော့ကျ လာပေမယ့် ၀င်ငွေ နည်းပါးတဲ့ နိုင်ငံတွေနဲ့ အလယ် လတ်တန်းစား နိုင်ငံတွေမှာ အစား အသောက်နဲ့ လူနေမှု ပုံစံတွေကြောင့် ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက် လာတယ်လို့ ဆိုပါတယ်။

ဆေးလိပ် သောက်ခြင်း၊ အ၀ လွန်ခြင်းနဲ့ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းတို့ဟာ ဆင်းရဲတဲ့ နိုင်ငံတွေ အပေါ် သက်ရောက်မှု ရှိတယ်လို့ American Cancer Society က သုတေသီ တွေက Cancer Epidemiology, Biomarkers and Prevention မှာ လေ့လာချက် အသစ်ကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

သုတေသီတွေ အဆိုအရ ဂရုမပြုခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်းနဲ့ ကင်ဆာရောဂါ စမ်းသပ် စစ်ဆေးခြင်းတွေ မပြုလုပ်တဲ့ အတွက် ရည်ရှည် ကျန်းမာရေး စောင့်ရှောက် မှုတွေ မရနိုင်တဲ့ အတွက် မြင့်တက် လာတယ်လို့ သိရှိရပါတယ်။

ရင်သား ကင်ဆာ၊ အဆုတ် ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အသဲ ကင်ဆာ စတဲ့ ကင်ဆာ ရောဂါ အားလုံးဟာ ၀င်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေနဲ့ အလယ်လတ် တန်းစား နိုင်ငံ တွေမှာ အဖြစ် အများဆုံး ဖြစ်နေ ပါသတဲ့။

Ref : Upi

Original link - http://health.thithtoolwin.com/2015/12/blog-post_49.html


No comments:

Post a Comment