ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 17, 2015

အသက် ၂၅နှစ်မှ ၃၅နှစ် အတွင်း ကလေး စမွေးသူတွေဟာ ၄၀ ကျော်ချိန်တွင် ပိုကျန်းမာ




အမျိုးသမီး တွေဟာ အသက်အရွယ် ရလာတာနဲ့ အမျှ သူတို့ရဲ့ သန္ဓေအောင်နှုန်း ကျလာ တတ်ပါတယ်။ ခေတ်သစ်ရဲ့ ဖိအားတွေ အောက်မှာ အမျိုးသမီး တွေဟာ မိခင် တစ်ယောက် ဖြစ်လာဖို့ကို နောက်ကျ နေကြ ပါတယ်။ ကိုယ့်ရဲ့ အလုပ် အကိုင်၊ ဘဏ္ဍာရေး ဖိအား တွေပေါ် အာရုံစိုက်နေ ကြရင်းနဲ့ပေါ့။

ဆုံးဖြတ်ဖို့ ဆိုတာ ခက်ခဲပေမဲ့၊ အသက် ပိုကြီးတဲ့ အမျိုးသမီးတွေ အတွက် မျှော်လင့်ချက် ရောင်ခြည်သန်း ခဲ့ပါပြီ။ အသက် ၂၅နှစ် ကနေ အသက် ၃၅နှစ် အတွင်းမှာ ကလေး စမွေးတဲ့ အမျိုးသမီး တွေဟာ အသက် ၄၀ ကျော်လာတဲ့ အချိန်မှာ ပိုပြီး ကျန်းမာ ကြတယ် ဆိုတဲ့ လေ့လာမှု အသစ် တစ်ရပ် ထွက်ပေါ် လာလို့ပါပဲ။

အသက် ၁၅နှစ် ကနေ အသက် ၂၄နှစ် အတွင်းမှာ ကလေး စမွေးတဲ့ အမျိုးသမီးတွေ အနေနဲ့ ကတော့ သက်လတ်ပိုင်းမှာ ကျန်းမာရေး မကောင်း တတ်ကြပါဘူး။ ဆက်လက် လေ့လာတဲ့ အခါမှာ ဆယ်ကျော်သက် မိခင်တွေနဲ့ အသက် ၂၀ကျော် အစောပိုင်း ကာလတွေမှာ ပထမဆုံး အကြိမ် ကလေးမွေးတဲ့ မိခင်တွေရဲ့ ကျန်းမာရေး ကတော့ ကွာခြားမှု မရှိဘူးလို့ ဆိုထား ပါတယ်။

ဒီလေ့လာမှုဟာ ကလေး စမွေးတဲ့ အသက်အရွယ်နဲ့ ဆယ်စုနှစ် အကြာ ကျန်းမာရေး အကြား ဆက်စပ်မှုကို လေ့လာတဲ့ ပထမဆုံး အမေရိကန်နိုင်ငံမှ လေ့လာမှု ဖြစ်ပါတယ်။

အမေရိကန်မှာ အသက် ၂၀ကနေ ၂၄နှစ်ကြား ကလေး စမွေးတဲ့ မိခင် အရေ အတွက်ဟာ သုံးပုံ တစ်ပုံ ရှိကြောင်း National Vital Statistics ကနေ မကြာသေးမှီက ထုတ်ပြန် ခဲ့ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/12/blog-post_38.html


No comments:

Post a Comment